Posted from my blog with SteemPress : https://bobokyaw.000webhostapp.com/2020/03/diamond-leagues-%e1%80%9e%e1%80%ad%e1%80%af%e1%82%94-%e1%80%81%e1%80%ab%e1%80%b1%e1%80%90%e1%80%ac%e1%80%b9%e1%80%99%e1%80%bd%e1%80%ae
https://steemmonsters.com/
အမှတ်မထင်ပါဘဲ Diamond Leagues သို့ ခါတော်မှီတက်ရောက်သွားနိုင်ခဲ့ပါပြီ ပြီးခဲ့သော ရာသီလိဒ်တွေမှာတော့ Gold လောက်နဲ့သာ ကျေနပ်ခဲ့ရပါတယ် ဘယ်လောက်ကြိုးစားပေမယ့် အဲ့ဒီနေရာကနေ မကျော်ပါဘူး ဒီတစ်ခါတော့ အဘယ်သို့ ဂျက်တည့်သွားလေသည်မသိပါ Diamond Leagues ကို သက်သောင့်သက်သာနဲ့ အမှတ်မထင် ခါတော်မှီလေးရောက်လို့လာခဲ့ရပါပြီ ဒါကြောင့် ဒီတစ်ခါတော့ ကဒ်ပေါင်း လေးဆယ် ဖွင့်ခွင့်ရမှာဖြစ်ပါတယ် အကျိုးအမြတ်များများရနိုင်ဖို့ အခွင့်အရေးပိုရမှာဖြစ်သလို နောက်တစ်ခါရာသီလိဒ်မှာလည်း ဂိုးသရီးကနေ စတင်ယှဉ်ပြိုင်ခွင့်ရမှာဖြစ်လို့ အများကြီး အဆင်ပြေသွားပြီဆိုရပါလိမ့်မယ်
တကယ့်ကို ခါတော်မှီလို့ပြောရမှာပါ ဘာလို့လဲဆိုရင်တော့ နောက်ထပ်တစ်နာရီဝန်းကျင်လောက်အကြာမှာတော့ ဒီတစ်လရဲ့ ဒုတိယရာသီလိဒ်က ပြီးဆုံးတော့မှာဖြစ်ပါတယ် အဲ့ဒီအချိန်မှာ ရုတ်တရက်ဒိုင်းမွန်းကို ရောက်သွားတာဖြစ်လို့ တော်တော်လေးကို ကျေနပ်စရာကောင်းပါတယ် ဒိုင်းမွန်းကိုရောက်ဖို့ဆိုရင် ဟီးရိုးတွေက အနည်းဆုံးလေဘယ်4 လောက်တော့ ရှိနေရမှာဖြစ်ပါတယ် ဒီထက်နည်းပြီးလည်း အခုလို တက်ရောက်လာနိုင်ပေမယ့် အတော်ကို ခက်ခက်ခဲခဲ ကံကောင်းထောက်မ ရောက်လာနိုင်တာဖြစ်လို့ အတော်ကိုမလွယ်ပါဘူး အဓိက သော့ချက်ကတော့ ဟီးရိုးလေဘယ်များလေ ကောင်းလေဆိုတာ မြင်ရပါလိမ့်မယ်
https://steemmonsters.com/
အခုချိန်မှာတော့ ချိန်ပီယံလိဒ်ဆိုတာက အိပ်မက်တောင် မက်ဖို့မလွယ်တော့ပါဘူး ကိုယ့်ရဲ့ ဟီးရိုးလေဗယ်အင်အားနဲ့ မရောက်နိုင်တာကို ဆိုလိုတာပါ ဟိုအရင်အချိန်တွေတော့ လွမ်းမိပါတယ် အခုလိုရာသီသိမ်းခါနီးချိန်တွေဆိုရင် ရင်တမမနဲ့ စောင့်မျှော်ပြီး နေကြရတာပါ ကံကောင်းခြင်းတွေ သယ်ဆောင်လာမယ့် အချိန်အခါလည်းဖြစ်ခဲ့လေသည်ပေါ့ အခုတော့ အဲ့တုန်းကလောက် ပျော်စရာနဲ့ ရင်ခုန်စရာမကောင်းတော့ပေမယ့် မျှော်လင့်ချက်အခွင့်အရေးလေးတွေတော့ ကျန်ရှိနေပါသေးတယ်
အခုနေခါမှာ ဒေါ်လာငါးရာလောက် ဖြုန်းပြီး လေဗယ်တင်လိုက်ရင်တော့ ချန်ပီယံအိပ်မက် မက်ခွင့်ရနိုင်မယ်လို့ ခန့်မှန်းရပါတယ် ပြိုင်ပွဲမှာ တစ်ကနေ ငါးဆယ်အတွင်းဝင်ရောက်နိုင်ရင် ဆုကြေးတွေများစွာ ရမှာလည်းဖြစ်ပါတယ် အဲ့သလိုတော့ လုပ်နိုင်စွမ်းမရှိတော့ပါဘူး ဒေါ်လာငါးရာအရင်းအနီးက မနည်းမနောမဟုတ်လား ဒါကြောင့် ကိုယ့်ရှိတဲ့ စစ်အင်အားနဲ့ ရောက်နိုင်စွမ်းသမျှ သွားကြည့်တော့မယ် စိတ်ကူးပါတယ် အခုလို ဒိုင်းမွန်းလောက် လှမ်းလာနိုင်ရင်ဘဲ အခွင့်အရေးက မနည်းလောက်ဘူးထင်ပါတယ်
Posted from my blog with SteemPress : https://bobokyaw.000webhostapp.com/2020/03/diamond-leagues-%e1%80%9e%e1%80%ad%e1%80%af%e1%82%94-%e1%80%81%e1%80%ab%e1%80%b1%e1%80%90%e1%80%ac%e1%80%b9%e1%80%99%e1%80%bd%e1%80%ae