Posted from my blog with SteemPress : https://bobokyaw.000webhostapp.com/2020/03/dia-%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%85%e1%80%af%e1%80%91%e1%80%ac%e1%80%b8%e1%80%9b%e1%80%99%e1%80%8a%e1%80%b9
စိတ်ဝင်စားရင်တော့ ဒီနေရာကနေ သွားရောက်ကစားနိုင်ပါတယ်
https://play.google.com/store/apps/details?id=com.ziplab.rorgame
Ror Game ထဲမှာတော့ ကစားစရာဂိမ်းပေါက်စလေးတွေ အများကြီးပါ ဘယ်တစ်ခုကို အကြိုက်ဆုံးလဲလို့ ရွေးရမှာတောင် ခပ်ခက်ခက်ပါဘဲ ဂိမ်းတွေအားလုံးကတော့ သူ့ဟာနဲ့သူကောင်းကြသည်ချည့်ဖြစ်ပါတယ် တစ်ခုမှာ ကျွမ်းကျင်ပေမယ့် အခြားဂိမ်းတွေမှာတော့ မကျွမ်းကျင်ဖြစ်နေတက်ပြန်ပါရော ဒါကြောင့်လည်း တစ်ရက်သုံးမျိုးကစားခွင့်ရှိတဲ့အထဲမှာ သုံးခုလုံးကို အဆင်ပြေပြေ အနိုင်အောင် ကစားနိုင်ဖို့က အတော်မလွယ်ပါဘူး တစ်ခုလောက်ကိုဘဲ ထိပ်ဆုံးကို ပါဝင်တက်ရောက်နိုင်ဖို့က ခက်ခဲပါတယ် တကယ်လို့ တက်နေိုင်ခဲ့၇င်တော့ Dia များစွာရမှာဖြစ်လို့ ကြိုးစားပြီးတက်ရောက်သင့်ပါတယ်
အမှန်အတိုင်းဆိုရရင်တော့ ဒီဂိမ်းတွေက ဘယ်တော့ အဆင်ပြေလာမယ် မပြောနိုင်ကြပါဘူး သူတို့လည်း ဈေးကွက် ထိုးဖေါက်ဖို့ကြိုးစားနေကြသလို ကိုယ်တွေကလည်း အခုကတည်းက များနိုင်သမျှ များအောင် ရှာထားရမှာပါ တကယ်လို့ တန်ဖိုးတစ်ခုခုနဲ့ ပွဲထွက်လာခဲ့မယ်ဆိုရင်တော့ အဆင်ပြေပြီပေါ့ အခုလောလောဆယ်တော့ Dia 100 က Steem 16 ၀န်းကျင်ခန့် နဲ့ လဲလှယ်နိုင်တယ်ဆိုတာတော့တွေ့ရပါတယ် ဒါပေမယ့် ၀ယ်လို့သာရတယ် ရောင်းလို့က မရသေးပါဘူး ဘယ်လိုဖြစ်ဖြစ် များမကြာခင် မှာ ရောင်းနိုင်တော့မယ်လို့ သိရပါတယ် ဒါဆိုရင်တော့ များများ ရထားရင် အဆင်ပြေစေမယ်ပေါ့
Game တွေက ကစားဖို့ရာ အချိန်ပေးရပါတယ် တစ်ရက်တစ်မျိုးကစားဖို့ကလည်း မဖြစ်ပါဘူး ကိုယ်ပါဝင်ထားတဲ့ ဂိမ်းတွေက နေ့စဉ်နေ့တိုင်း အချိန်တွေသုံးပြီး ကစားပေးနေမှ အဆင်ပြေမှာဆိုတော့ ကစားစရာ ၈ိမ်းတွေ များလာလေ အချိန်မလောက်ငလေဖြစ်လာပါတယ် များမကြာခင် ရက်ပိုင်းမှာလည်း ဂိမ်းကောင်းတစ်ခု ထွက်လာဖွယ်ရှိလို့ေ၇ှ့က ဂိမ်းတွေကိုလည်း မလွတ်စေရအောင် အချိန်ကို ခွဲတမ်းချနေရပါတယ် အားလုံးမလွတ်တမ်းကစားဖို့ဆိုရင်တော့ အခြားအလုပ်တွေအတွက် အခက်အခဲရှိလာစေပါတယ် စတင်းတွေ ရနေတယ်ဆိုရင်တော့ လက်လွှတ်လို့ကမဖြစ်ပါဘူး ကစားဖြစ်အောင် ကစားနိုင်အောင် လုပ်ဆောင်ရမှာပါ အခုလို စတင်းရစရာလမ်းကြောင်းတွေ များလာတာကိုဘဲ တော်တော်လေး သဘောကျနေမိပါတယ် အရင်လို စာရေးတာတစ်ခုတည်းမဟုတ်တော့ အခွင့်အလမ်းများလာတယ်ဘဲ ဆိုရပါမယ်
Posted from my blog with SteemPress : https://bobokyaw.000webhostapp.com/2020/03/dia-%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%85%e1%80%af%e1%80%91%e1%80%ac%e1%80%b8%e1%80%9b%e1%80%99%e1%80%8a%e1%80%b9