ကံကောင်းခြင်းလက်ဆောင်များ

Words
127
Reading
1 min
Listen
Play
6y



Posted from my blog with SteemPress : https://bobokyaw.000webhostapp.com/2020/04/%e1%80%80%e1%80%b6%e1%80%b1%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8%e1%80%9c%e1%80%80%e1%80%b9%e1%80%b1%e1%80%86%e1%80%ac%e1%80%84%e1%80%b9%e1%80%99

https://steemmonsters.com/

မနေ့ကတော့ စတင်းမွန်းစတားရဲ့ လိဒ်ပြိုင်ပွဲတစ်ခုက ပြီးဆုံးခဲ့ပါတယ် ရာသီလိဒ်ပြီးတဲ့အခါ ကိုယ်စီကိုယ်ငှ ဆုကြေးကဒ်လေးတွေ ထိုက်တန်သမျှ ရရှိကြပါတယ် အဲသလိုပေးဝေခြင်းကပင်လျှင် စတင်းမွန်းစတားကို အောင်မြင်သည်ထက်အောင်မြင်စေသော အကြောင်းတရားတွေထဲကမှ အရေးပါသော အချက်တစ်ခုဖြစ်လို့နေတယ်ဆိုရပါတယ် ကစားသူပလေယာတိုင်းကို တစ်ယောက်စီမကျန် ပေးဝေခြင်းဖြစ်လို့ အားလုံးက ကျေနပ်စွာလက်ခံကစားနေမိကြတယ်လို့လည်း တစ်နည်းဆိုနိုင်ပြန်ပါတယ် သင်အနည်းငယ်ကစားနိုင်သလား ဒါဆိုရင် ဆုကြေး အနည်းငယ်ယူပါ ဒါမှမဟုတ် သင်သည် အလွန်ကို တက်ကြွစွာ ကစားနိုင်သူလား ဒါဆိုရင် ဆုကြေးများစွာရယူလိုက်ပါ သို့မဟုတ်ပါဘဲ သင်ဟာ မနှေးမမြန် အသင့်အတင့် အလယ်အလတ် ကစားနိုင်သူလား ဒါဆိုလည်း သင့်တင်လျှောက်ပါတ်သော ဆုကြေးတွေယူလိုက်ပါ

ပြီးဆုံးခဲ့တဲ့ ရာသီလိဒ်မှာတော့ အကျိုးအမြတ် အတော်ကို ရလိုက်တယ် ဆိုနိုင်ပါတယ် ကာလတန်ဖိုးအရ နည်းနေမည်ဖြစ်သော်လည်း ကစားလာတဲ့ သက်တမ်းတစ်လျှောက်တော့ အခုရာသီလိဒ်လိုမျိုး မကြာခဏ ကောင်းမွန်တဲ့ အထောက်အပံ့တွေရရှိတာတော့ ဒါက ပထမဆုံးလို့ပြောရပါမယ် ဒီရာသိလိဒ်မှာ လီဂမ်းတွေချည့်ဘဲကို ခုနှစ်ကောင်လောက်ရပါတယ် ရွှေကဒ်တွေလည်း ခြောက်ခုလောက်ရပါတယ် ဒိအီးစီဆိုလည်း အတော်များများကြီးကို ရတာပါ အဲ့ဒါတွေအားလုံးကိုတော့ စတင်းအဖြစ် ပြောင်းလဲလိုက်ပါတယ် ယခုလိုနေတာကလည်း စတင်းသာဖြစ်ပါတယ်

မနေ့ညက လီဂမ်း နှစ်ကောင် တစ်ပြိုင်တည်းရလိုက်ပါတယ် သုံးဒေါ်လာကျော်လောက်တော့ တန်ပါတယ် ဒီအီးစီလည်း တော်တော်ရတော့ စတင်းပြောင်းယူတဲ့အခါ နစ်ဆယ်ကျော်လောက်ရပါတယ် စာရေးတာကနေတော့ သိပ်မရတာ တော်တော်ကြာပါပြီ အခုဆိုရင် တစ်ကျပ်နားမကပ်နိုင်တာတောင် လချီနေပါပြီ ဟိုဘက်လည်း မဟန်သလို ဒီဘက်လည်း မစွံပါဘူး စာရေးခြင်းကို အပြစ်ဆိုလိုခြင်း မဟုတ်ပါဘူး အခြေအနေက စာရေးတာကနေ အကျိုးအမြတ် ရယူဖို့ ခက်ခဲလာတာကို ထောက်ပြလိုခြင်းသာဖြစ်ပါတယ် ဒါဆိုစာမေ၇းတော့ဘူးလား မေးရင်တော့ မဖြစ်မနေ ရေးရဦးမှာပါ စာရေးခြင်းက တစ်နေ့တာအတွက် စိတ်ဖိစီးမှုတွေကို အထိုက်အလျှောက်ဖြေလျှော့ပေးနိုင်စွမ်းရှိနေလို့ပါဘဲ

နောက်ရာသီလိဒ်မှာလည်း အခုလို အဆင်ပြေခြင်းတွေ ဆက်လက်သွယ်ဆောင်လာနိုင်ဖို့ ကြိုးစားကြည့်ပါဦးမယ်

bobokyaw@bobokyaw



Posted from my blog with SteemPress : https://bobokyaw.000webhostapp.com/2020/04/%e1%80%80%e1%80%b6%e1%80%b1%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8%e1%80%9c%e1%80%80%e1%80%b9%e1%80%b1%e1%80%86%e1%80%ac%e1%80%84%e1%80%b9%e1%80%99
ကံကောင်းခြင်းလက်ဆောင်များ | Ecency