အာကာသထဲမှာတော့ ရှာဖွေနိုင်စရာ နယ်မြေတွေ များလွန်းနေပါတယ် ရှာတဲ့နေရာတိုင်းမှာ ဂြိုလ်တွေ ရှိနေတာကလည်း ထူးခြားလွန်းနေပါတယ် ဒါဆိုရင်တော့ ရှာဖွေမှုက ဘယ်တော့မှ အဆုံးသက်မှာ မဟုတ်တော့ပါဘူး တစ်နေ့ တစ်ချိန်တော့ နောက်ဆုံးတွေ့ရှိခြင်းကြုံလာရမယ်လို့ ထင်မြင်ဖူးပါတယ် အဲ့ဒါတွေက ဒီနေ့မှာဘဲ အဆုံးသက်သွားပါပြီ ဒီဂိမ်းမှာ ဂြိုလ်အသစ် မတွေ့တော့တဲ့နေ့ ရောက်မလာနိုင်တော့ပါဘူး ဒါဟာ သေချာခြင်းတစ်ခုပါဘဲ ဒီလိုသာဆိုရင်တော့ နယ်မြေပြောင်းပြီး ဂြိုလ်ရှာကြတာပေါ့ အရင်က တွေးဖူးတာတစ်ခုပါ ရှာဖွေရေးယာဉ်တွေ အများကြီး ထုတ်လိုက်မိရင် အပိုတွေဖြစ်နေတော့မှာဘဲ ဆိုပြီးတော့ ထိန်းပြီးထုတ်ရမယ် ထင်တာပါ
အဲ့သလိုမဟုတ်တော့ပါဘူး ရှာဖွေရေးယာဉ်တွေကအမြဲ လိုအပ်နေတော့မှာပါ ဒီဂိမ်းကို ကစားနေသရွေ့တော့ ရှာဖွေရေးယာဉ်တွေ ထုတ်နေရပါဦးမယ် ဂြိုလ်တစ်ရာပိုင်တယ်ဆိုတာ ဘာဟုတ်တာမှတ်လို့ နောင်များမကြာ ဂြိုလ်ထောင်ချီပိုင်မယ့်သူတွေတောင် မြင်နေရပါပြီ တိုက်ခိုက်ရေးယာဉ်တွေရဲ့ သွားနှုန်းနဲ့ အာကာသ ဟင်းလင်းပြင်ကြီးရဲ့ ကျယ်ပြန့်နှုန်းကို တွေးကြည့်မိတာတော့ ယာဉ်အစီးရေ များများရှိတာက အကန့်အသက်နဲ့ဘဲ အသုံးဝင်တော့မှာပါဘဲ တစ်ခြား အားသာချက်တွေလေ့လာရပါတော့မယ် ဒီဂိမ်းမှာ အနိမ့်အမြင့်အတက်အကျတွေ ရှိလာပါတော့မယ် အပြောင်းအလဲတွေ မရိုးအောင် လုပ်လာပါတော့မယ်
ကိုယ်တွေကလည်း အဲ့သလောက် အချိန်တွေ ကြာအောင် တစ်ခုခုတည်းမှာ ရှိမနေချင်ပါဘူး အချိန်တိုအတွင်း လုပ်သင့်တာလုပ်လိုက်ချင်တာပါ ရေရှည် စွဲကစားရမယ်ဆိုရင်တော့ အချိန်ပေးနိုင်ပါ့မလား မသေချာပါဘူး အသစ်ကစားသူတွေအတွက် ဘယ်တော့မှ နောက်မကျဘူးဆိုတာကို သူတို့က ပုံဖေါ်ထားပါတယ် အာကာသဂိမ်း တီထွင်သူတွေ ထုတ်လုပ်သူတွေကို လျှော့တွက်လို့မရပါဘူး သူတို့ရဲ့ ၀ှက်ဖဲတွေက အလွန်များလှပါတယ် သာရေးကွင်းထက်တောင် သူတို့က သာပါသေးတယ် ရည်မှန်းချက်ကတော့ အရင်းလောက်ပြန်လာရင်တော်ပါပြီ အမြတ်အတွက်ကတော့ ပေးရမယ့်အချိန်ကို ထည့်ပေါင်းစဉ်းစားရပါလိမ့်မယ် အချိန်မပေးနိုင်တော့ရင်တော့ ရောက်တဲ့နေရာက လှည့်ပြန်မှာပါ အတော်ဆိုးတဲ့ ဂိမ်းကောင်းတစ်ခုကစားနေမိပါပြီ
Posted from my blog with SteemPress : https://steemhosting.com/bobokyaw/2019/09/28/%e1%80%a1%e1%80%86%e1%80%b6%e1%80%af%e1%80%b8%e1%80%a1%e1%80%85%e1%80%99%e1%80%b2%e1%82%94/