ဝီးကူလေးလဲမေ့နေပြီ

Words
150
Reading
1 min
Listen
Play
7y


https://nextcolony.io

စတီးမစ်ပေါ်ရောက်တာတော့ သုံးနှစ်ထဲဝင်လာပြီဖြစ်ပါတယ် အချိန်တွေက တကယ်တော့ ဘာမှမကြာသလို ထင်ရပါတယ် သိပ်မကြာသေးဘူးထင်တာပါ တကယ်တေ့ အချိန်တွေ ကုန်ခဲ့ပါပြီ ခုချိန်ရောက်မှ အချိန်တွေကို ပြန်ရေတွက်ကြည့်တော့ အား.......... မနည်းမနောကြီးပါလား တကယ့်ကို မနည်းပါဘူး ရက်အားဖြင့်တွက်ရင် ရက်ပေါင်း တစ်ထောင်နား နီးကပ်လို့လာနေပြီဖြစ်ပါတယ် တစ်ရက်ကို ၀မ်းစတင်း စုခဲ့မယ် ရှာခဲ့မယ်ဆိုရင်တော့ အခုချိန်မှာ စတင်းတစ်ထောင် နားနီးလုပြီပေါ့ ဟုတ်ပါတယ် ရက်ပေါင်း တစ်ထောင်ကြာအောင် အလုပ်တစ်ခုကို လုပ်လာခဲ့ပြီဖြစ်ပါတယ် ဒီလောက်ထိ စိတ်ရှည်တက်မှန်း အရင်က သတိမထားမိခဲ့ပါဘူး

စတီးမစ်ကြီး အသက်ငင်လုလု အချိန်မတိုင်ခင်လေးမှာ စတီးမစ်ရဲ့ အမွှာ ၀ီးကူ ဆိုတာလေး ပေါ်လာပါတယ် စစချင်းတော့ စတီးမစ်လိုဘဲ ဈေးကောင်းရမယ်ဆိုရင် ဂွင်ဘဲဟ ဆိုပြီး လုပ်လိုက်ကြတာ သောက်သောက်လဲ နေ့မနားညမအား စတီးမစ်တောင် မေ့တော့မယ်ထင်ရပါတယ် အဲ့ဒီအချိန်ကတည်းက ပြန်ရေတွက်ရင် အခုဆို ၀ီးကူကလည်း တစ်နှစ်သား ကျော်လာပြီဖြစ်ပါတယ် ဟုတ်တော့ ဟုတ်နေပါပြီ အချိန်တွေကို ကိုယ်ကသာ သတိမထားမိတာပါ ၀ီးကူလုပ်တာလည်း တစ်နှစ်ပြည့်ခဲ့ပြီးပါပြီ အချိန်ကောင်းတစ်ခုတော့ ရောက်လာဖို့ တဖြည်းဖြည်း နီးလာနေပြီလို့ ဆိုရမလားဘဲ

အခုအချိန်ထိတော့ ၀ီးကူကလည်း ရုန်းကန် နေရတုန်းပါဘဲ စတီးမစ်ကို အမှီမလိုက်နိုင်သေးပါဘူး ဒါကလည်း ဈေးကွက် ပျက်နေတဲ့အချိန်ကာလမှာ သူက ပေါ်လာတာဖြစ်လို့ ရှေ့ဆက်ဖို့ရန်အတွက် အံချော်သွားတာဖြစ်နိုင်ပါတယ် နောက်တစ်ခါအပြောင်းအလဲမှာ သူလည်း သူ့နည်းသူ့ဟန်နဲ့ ပြန်လည် နိုးထလာနိုင်တဲ့ အိပ်နေသော နဂါးတစ်ကောင် ဖြစ်နိုင်တယ်လို့ သုံးသပ်ရပါတယ် ဘယ်ချိန်မှာ တစ်စခန်းထလာလေမည်လဲ အဲ့ဒီအချိန်လေးလဲ တွေးကာမျှော်ရပါတယ် လုပ်ရကိုင်ရတာကလည်း ပေါ့ပေါ့ပါးပါးဆိုတော့ ၀ီးကူလုပ်ရတာ တန်ပါတယ် စတီးမစ်က ရေးသမျှ ၀ီးကူပေါ် ပြစ်တင်လိုက်ယုံပါဘဲ အခုလောလောဆယ်တော့ သိပ်အားမစိုက်ရသေးပါဘူး

တစ်ဖက်က ရေးတာ ဟိုဘက်ကလက်ခံပေးတယ် အိုကေနေတယ် ပို့တင်ရတာလေးဘဲ အလုပ်တစ်ခုပိုတာပေါ့ စတီးမစ်ထက် ပျော့တယ်ဆိုပေမယ့် စတီးမစ်နဲ့ လမ်းကြောင်းမတူတာတွေ သူ့မှာ ပိုင်ဆိုင်ထားပါတယ် အဲ့ဒါတွေက တစ်ချိန်မှာ အဖြေပေးလာနိုင်ပါတယ် အခုတော့ စတီးမစ်လေး ရေးလိုက် ၀ီးကူပေါ် ခွဲတင်လိုက် ၀ီးကူပါဝါလေး စုလိုက်ပေါ့လေ လောလောဆယ် ထုတ်ရောင်းလို့မရပေမယ့် (ရတော့ရတယ် နည်းလို့မရောင်းတော့ဘူး) တစ်ချိန်မှာ ဈေးကောင်းရလာနိုင်တယ်ဆိုတော့ ရသမျှ မှန်မှန်လေးစုထားတာပေါ့လေ

ဒီနေ့တော့ အာကာသ၈ိမ်းအကြောင်း ပျင်းလို့မရေးတော့ဘူး

bobokyaw@bobokyaw



Posted from my blog with SteemPress : https://steemhosting.com/bobokyaw/2019/10/11/%e1%81%80%e1%80%ae%e1%80%b8%e1%80%80%e1%80%b0%e1%80%b1%e1%80%9c%e1%80%b8%e1%80%9c%e1%80%b2%e1%80%b1%e1%80%99%e1%82%94%e1%80%b1%e1%80%94%e1%80%bb%e1%80%95%e1%80%ae/
ဝီးကူလေးလဲမေ့နေပြီ | Ecency