ရယ်မောတတ်တဲ့ အကျင့်ရှိသူတွေဟာ သာမန်လူတွေထက် အသက်ပိုရှည်တယ်ဆိုတာကို ဆေးပညာရှုထောင့်
က အကြောင်းပြချက်(8)မျိုးနဲ့ ရှင်းလင်းထားပါတယ်။ မြန်မာစကားမှာလည်း “ရယ်သောသူသည်အသက်ရှည်
သည်”ဆိုတာ ရှိပါတယ်။ ဒါဟာ ရှေးပညာရှိတွေက အကြောင်းမဲ့ ပြောထားတာတော့ ဟုတ်ပုံမရပါဘူး။
ဘာကြောင့် ရယ်ရင်အသက်ရှည်တယ်ဆိုတာကိုလည်း သိချင်ရင်တော့ အောက်မှာ ဆက်ဖတ်ကြည့်ပါ။
(၁) နာကျင်မှုကို လျှော့ကျစေတယ်
ဟက်ဟက်ပတ်ပတ် ရယ်မောခြင်းဟာ နာကျင်မှုကို လျှော့ကျစေပါတယ်။ ဒါ့အပြင် အဲဒီလို ဟက်ဟက်ပတ်ပတ်
ရယ်မောသူတွေဟာ မော်ဖင်းနဲ့ ပမာဏတူညီတဲ့ ခံနိုင်ရည်အင်အားကို ထုတ်လုပ်ပေးပါတယ်။ တစ်ခါတစ်လေ
နာနေပေမယ့် အားတင်းပြီး ရယ်တဲ့အခါ ခဏတာ သက်သာသွားတာမျိုး ကြုံဖူးကြမှာပါ။ ရယ်နေရင် အချို့နာကျင်
မှုတွေကို မေ့နေတတ်ပါတယ်။
(၂) ရောဂါတွေကိုကင်းဝေးစေတယ်
ရယ်မောသူမှာ ခန္ဓာဗေဒကနေ T cell တွေ ထုတ်လုပ်နိုင်မှု အားကောင်းပြီး
သာမန်အအေးမိ ချောင်းဆိုးတာမျိုးကိုတောင် ခံနိုင်ရည်ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဖိအားအမျိုးမျိုးကြောင့်
ထွက်ပေါ်လာတဲ့ ဟိုမုန်းတွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။
(၃) စိတ်ဖိအားတွေ ကင်းဝေးစေတယ်
ဝမ်းနည်းခြင်းတွေ၊ စိတ်ထားညှိုးငယ်ခြင်းတွေ၊ အလိုမကျမှုတွေ၊ ကျရှုံးမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဖိအားတွေ
ကို အားရပါးရ ရယ်မောခြင်းဖြင့် ဖြေဖျောက်နိုင်ပါတယ်။ ရယ်နေရင် စိတ်ချမ်းသာစိတ်တွေ အလိုလိုရောက်လာ
တတ်ပါတယ်။
(၄) လူချစ်လူခင်များစေတယ်
သင်ရယ်တဲ့အခါ သင်ရယ်တဲ့ပုံစံကို မြင်ပြီး လူတွေက သင့်ကို ခင်မင်ကြမယ်၊ နှစ်သက်ကြမယ်၊လူမှုရေးနယ်ပယ်မှာ
လည်း ပိုပြီး အောင်မြင်မယ်လို့ ဆိုထားပါတယ်။ (အလွန်အကျွံတော့ အသံဗြဲကြီးနဲ့ မရယ်နဲ့ပေါ့…)
(၅) လုပ်ငန်းတစ်ဝက်ကို ပြီးမြောက်စေတယ်
အများနဲ့ဆက်ဆံပြီး လုပ်ရတဲ့အလုပ်တွေမှာ ရယ်မောသူနဲ့ မျက်နှာကြီး တည်ပြီး ဆက်ဆံသူတွေဟာ ကွာခြား
ပါတယ်။ အလုပ်ထိရောက်မှုမှာလည်း ရယ်မောတဲ့သူတွေရဲ့အလုပ်ဟာ တစ်ဝက်လောက်အထိ ပြီးမြောက်စေ
တယ်လို့ ဆိုပါတယ်။ (ဒါပေမယ့် လုပ်ငန်းလုပ်မယ် ထိုင်ရယ်နေလို့လည်း မဖြစ်ဘူးပေါ့ဗျာ)
(၆) သွေးပေါင်ချိန်မြင့်တက်မှုကို ကျဆင်းစေတယ်
ပုံမှန်အရယ်သန်တဲ့သူတွေမှာ သွေးတိုးရောဂါ မရှိသလောက် နည်းပါးတယ်လို့ ဆိုပါတယ်။ ရယ်ခြင်းဟာ စိတ်
ဖိစီးမှု အမျိုးမျိုးကြောင့် ဖြစ်လာတဲ့ သွေးပေါင်ချိန်တိုးမှုကို အလျှင်အမြန်ထိန်းညှိပေးနိုင်ပြီး ဘေးထွက်ဆိုးကျိုး
လုံးဝမရှိတဲ့ သွေးကျဆေးလို့တောင် ညွှန်းဆိုထားပါတယ်။
(၇) နှလုံးကျန်းမာရေးကိုကောင်းမွန်စေတယ်
ရယ်ခြင်းကြောင့် အသက်ရှုလမ်းကြောင်းတွေရဲ့ အလုပ်လုပ်မှုဟာ နှစ်ဆအထိ တိုးတက်ကောင်းမွန်ပါတယ်။ ဒါအပြင့် နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေ ဖြစ်ခြင်းကိုလည်း ထိထိရောက်ရောက် ကာကွယ်ပေးပါတယ်။
(၈) ကိုယ်အလေးချိန်ကို လျှော့ချပေးတယ်
နှလုံးခုန်ခြင်းကို ထိန်းညှိပေးတဲ့အပြင် ရုတ်တရက်သွေးကြောပိတ်စို့ခြင်းကိုလည်း အကာအကွယ်ပေးပါတယ်။
ဒါ့အပြင် ရယ်မောခြင်းဟာ လူတွေရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကယ်လိုရီလောင်ကျွမ်းမှုကို အထိရောက်ဆုံး အကူ
အညီပေးနိုင်လို့ ခန္ဓာကိုယ်အလေးချိန်ကို လျှော့ကျစေတယ်လို့ ဆိုပါတယ်။