* ရေချိန် ±...*

Words
106
Reading
1 min
Listen
Play
8y

received_230529037684772.jpeg

အပြင်းထန်ဆုံးကို စဉ်းစားတော့ ..
အသက်ဓာတ်ဟာ လေးလံလာတယ် ။

အပျော့ပြောင်းဆုံးကို စဉ်းစားတော့ ..
လည်ဂုတ်တွေ ညောင်းညာလာတယ် ။

အလယ်အလတ်လမ်းကို စဉ်းစားတော့ ..
ရှေ့မရောက်နိုင် ဖြစ်ရပြန်တယ် ။
..... ..... ...............

မှန်တယ်လို့ ယူဆတဲ့လမ်းတလျှောက် ..
အတ္တတွေ ကြီးခဲ့မိပါတယ်။

ဖြစ်သင့်တယ်လို့ခံယူတဲ့ အခြေအနေတိုင်းအတွက် ..
ခေါင်းမာမိခဲ့ပါတယ်။

လုပ်ရမယ်လို့ တွေးမိတဲ့ကိစ္စတိုင်းအတွက် ..
စိတ်ဓာတ်ခွန်အားတွေကို ဖြုန်းတီးမိပြန်ပါတယ်။

ဘာအတွက်ကြောင့် .. ဘာတွေကို
လုပ်မိနေပါ့လိမ့် ဆိုတဲ့အတွေးဟာ ...
ကိုယ့်ဆီကျမှ မရောက်နိုင်ဖြစ်ရတယ်။

လူတစ်ယောက်ဟာ စိတ် တစ်မျိုးဖြစ်မယ်..
ခံယူချက်ဆိုတာဟာလည်း
ဝယ်ယူလို့မရတဲ့အရာ ဖြစ်မယ်...
ဖန်ဆင်းလို့ မရတဲ့အရာ ဖြစ်မယ် ။

ဒီလိုပဲ ...
လောကရဲ့ သဘာဝအရ
လူဟာ အမြဲတမ်းမကောင်းနိုင်သလို
အမြဲတမ်းလည်း မဆိုးနိုင်ဘူးလို့
ယူဆမိတယ် ။

အကယ်၍ .. ဒါကို
အမှားတရားလို့ ယူဆခဲ့ရင်လည်း...
အဲ့ဒီ အမှားတရားဟာ
လူကောင်းတစ်ယောက်အပေါ်
ဘယ်လောက် ကြာကြာ ကြီးစိုးနိုင်မှာလဲ ?
လွှမ်းမိုးနိုင်မှာမို့လဲ ?

အဆိုးနဲ့ အကောင်းဟာ ...
ဒွန်တွဲနေမြဲဖြစ်မယ် ။

တစ်သက်တာလုံးအတွက် စဉ်းစားသူဟာ
နှစ် အနည်းငယ်အတွက် ..
နောင်တတော့ မရသင့်တယ်။

ကြိုက်သလို ထင်မြင်ခွင့် ရှိပါတယ်.
ကြိုက်သလို ယူဆခွင့် ရှိပါတယ် ..
ကြိုက်သလို သမုတ်ခွင့် ရှိပါတယ် ...

အမှန်တရားဆိုတာ ...
နည်းနည်းတော့ ကြာတတ်တယ် ။ ။

* ရေချိန် ±...* | Ecency