လူ

Words
77
Reading
1 min
Listen
Play
8y

orca-image-1857288954.jpeg_1536981494521.jpeg

... လူ ...

လူ ထဲက လူ တော့ လူ ပါပဲ...
လူလို နားလည်အောင် စကား မပြောတတ်ဘူး
လူလို နားလည်အောင် စာ မရေးတတ်ဘူး
ဒါပေမယ့်...
လူထဲမှာ လူတွင်ကျယ် လုပ်ချင်တယ်
အဲဒီတော့...
လူထဲကို ရောတယ်
လူတွေနဲ့ ပေါင်းတယ်
လူလို စကားပြောတယ်
လူလို စာရေးတယ်
ခက်တာက လူကို လူတွေက နားမလည်ဘူး
အဲတော့...
လူရာ မဝင်ဘူး

ဒါနဲ့ပဲ...
လူရာဝင်အောင် လူတတ်ကြီး လုပ်ပြန်တယ်
လူလူသူသူ နေပြတယ်
လူသူလေးပါး လေးစားအောင် ဟန်ထုတ်ပြတယ်
ဟန်လုပ်တော့ ဟန်ရုပ်ပေါက်ပြီး
လူလုပ်ပေါက်က ပန်မလာပြန်ဘူး

ဒီလိုနဲ့...
ကြံရာမရ ဖြစ်ပြီး
လူထဲက ထွက်နေပြန်တယ်
လူထဲက ထွက်လိုက်တော့
လူ မဟုတ်တော့ဘူးလား?

တွေးကြည့်ရင်း ငေးကြည့်ရင်းနဲ့
လူ က ဘာကောင်လဲ မသိတော့ပါလား
လူအထဲက လူနဲ့ လူအပြင်က လူ
ဘယ်လူက လူလဲဗျာ...

...... Hein Khant Maung ......
orca-image-1529224864173.jpg_1529224864253.jpeg

billionairehein@billionairehein

လူ | Ecency