Splinterlands:Chaos Legion packs ဝယ်ကြမလား

Words
207
Reading
1 min
Listen
Play
5y

မူရင်းပိုစ့်ကိုတော့ splinterlands အကောင့်မှာ သွားကြည့်လို့ရတယ်ဗျ။ Splinterlands ကနေ တစ်ရက်ကို ဘယ်လောက်အထိ ဝင်ငွေရနေတယ်ဆိုတာကို အားလုံးသိပြီးသား ဖြစ်မှာပါ။ အဲဒိအကြောင်းကို အထူးတလည် ရေးမနေတော့ပါဘူး။
Chaos Legion အတွက် ကတ်ထုပ်အသစ်တွေကို အကြိုရောင်းချမှု စတင်တော့မှာ ဖြစ်ပါတယ်။ အရင်အတိုင်းပဲ ကတ်ထုပ်တစ်ခုကို ကတ် ၅ ခုပါမယ်။ ကတ်ထုပ်တစ်ခုထဲမှာ ရှားပါးကတ်တစ်ခု အနည်း
ဆုံးပါပါမယ်။ အခုအချိန်မှာ သာမန်ကတ်တစ်ခုကိုတောင်မှ ၄ ဒေါ်လာလောက်ပေးရပါတယ်။ အဲဒိတော့ ဒါက အခွင့်အရေးကောင်းတစ်ခုပါ။ အရင် splinterlands ကတ်အကြိုရောင်းပွဲတွေတုန်းက မမှီလိုက်တဲ့သူတွေအတွက် အခွင့်အရေးတစ်ခုပါ။

ကတ်တွေကို Dec SPS နဲ့ အခြား ခရစ်တိုတွေနဲ့ ဝယ်လို့ရပါတယ်။ ကတ်တစ်ထုပ် ဝယ်ဖို့ဆိုရင် boucher တိုကင် တစ်ခုလိုပါတယ်။Boucher တိုကင်က sps staked လုပ်ထားတဲ့သူတွေကို ပေးတာပါ။

ကျွန်တော်ကတော့ ကတ်ထုပ် အနည်းဆုံး ၁၀၀ ကျော်ဝယ်ဖို့ စဉ်းစားထားပါတယ်။
၁၀၀ ကနေ ၄၉၉ က ၁၀ ရာခိုင်နှုန်းး လျှော့ဈေးနဲ့ရမှာ ဖြစ်ပါတယ်။ ၁၀ ထုပ် အနည်းဆုံးယူရမှာဖြစ်ပြီး ၁၁ ထုပ်ရရှိမှာ ဖြစ်ပါတယ်။ ၁၀ ထုပ်ထက်နည်းရင်တော့ အထုပ်အပိုရမှာ မဟုတ်ပါဘူး။ အထုပ် ၁၀၀ ယူတဲ့သူများရင်တော့ ၁၅ ရာခိုင်နှုန်းအထိ လျှော့ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအချိန်မှာ များနိုင်သမျှ များများ ဝယ်ထားဖို့လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကတ်တွေကို ရောင်းပြီးချိန်မှာ Airdrop 13 ကြိမ်လာမှာ ဖြစ်ပါတယ်။ ကတ်ထုပ်တစ်ခုတိုင်းမှာ airdrop ကတ်တွေရဖို့ ၂ ရာခိုင်နှုန်း အခွင့်အရေး ရှိပါတယ်။ ကတ်ထုပ် ၅၀ ဝယ်ထားရင်တော့ နောက်ထပ် ၁၃ ကတ်ထပ်ရဖို့ သေချာပါတယ်။ အဲဒိတော့ ပိုက်ဆံတွေကို စုထားကြပါ။

သာမန်ဆိုရင် ကတ်ထုပ် ၅၀ က discount မရပါဘူး။ ကျွန်တော် ၁၀၀ ဝယ်တဲ့အထဲမှာ ပေါင်းပြီး တစ်ကြီမ်ထဲ ဝယ်မှ လျှော့ဈေးရမှာပါ။ အလီလီအခါခါဝယ်လို့ လျှော့ဈေး မရပါဘူး။

Airdrop တွက်တဲ့အခါမှာ ကတ်ဖွင့်ထားတဲ့သူဆီကိုပဲ တန်းဝင်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော့်ဆီကို မဝင်ပါဘူး။

အကြံပေးချင်တာက အနည်းဆုံး ၁၀ ထုပ်ဝယ်ပါ။
ဒိထက်ပိုတတ်နိုင်ရင် အထုပ် ၅၀ ဝယ်ပါ။ Airdrop ပေးတဲ့ ၁၃ ကတ်ရမှာပါ။

ဒိထက်ပိုတတ်နိုင်ရင်တော့ ကတ်ထုပ် ၁၀၀ ဝယ်ပါ။ ကတ်ထုပ် ၁၀၀ သမား ၅ ယောက်ရှိရင် ၁၅ ရာခိုင်နှုန်းနဲ့ လျှော့ဈေးရမှာ ဖြစ်ပါတယ်။

ကတ်ထုပ်နည်းတဲ့သူတွေကို (သူတို့ ဆန္ဒရှိရင်) ကျွန်တော့် အကောင့်မှာ ဖွင့်ပြီးမှ ကတ်တွေကို ပို့ပေးပါ့မယ်။) ကတ်ထုပ် ၁၀ ခုထဲနဲ့တောင်မှ ကံမကောင်းရင် ပရိုမို ၂ ကတ် ကံကောင်းရင် ပရိုမို သုံးကတ်အထိ ရှိမှာ ဖြစ်ပါတယ်။
ကတ်ထုပ် ၂၅ ထုပ်ဆိုရင် ပရိုမိုကတ် ၆ ကတ် ၇ ကတ်အထိ ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။

ကဲကဲ ဒီတစ်ခါတော့ အခွင်ဘ.အရေးကို လက်လွတ်မခံကြပါနဲ့တော့။
ဒီပိုစ့်ကို ရှယ်ပေးကြပါဦးဗျာ။

မြန်မာနိုင်ငံက splinterlands ကစားတဲ့သူတွေ အကုန်လုံးကို သိစေချင်ပါတယ်။

Splinterlands:Chaos Legion packs ဝယ်ကြမလား | Ecency