စုန်း​ပေါက်​စ ပုံပြင်

ayethatmon(50)
Published in
#msu
Words
212
Reading
1 min
Listen
Play
8y

တစ်​ခါတုန်းက​ပေါ့ကွယ်​....

စိတ်​​ကောင်းရှိတဲ့ စုန်း​ပေါက်​စ​လေးတစ်​​ကောင်​ဟာ ပန်းကန်​ပြားပျံကိုစီးပြီး ခရီးလှည့်​လည်​ရင်း သာယာလှပပြီး ခမ်းနားထည်​ဝါမှုရှိတယ်​လို့ ထင်​ရတဲ့ ​နေရာ တစ်​ခုကို ​တွေ့လိုက်​တာနဲ့ သူ့ပန်းကန်​ပြားပျံကို ဆင်းသက်​လိုက်​သတဲ့...။

သူဟာ အတွင်းဖက်​က လှပတဲ့ ဝတ်​စုံကို အပြင်​ဖက်​က ဖက်​ရှင်​ဝတ်​စုံနဲ့ ဖုံးအုပ်​ ဝတ်​ဆင်​ထား​လေသတဲ့..။

မျက်​လုံး​တွေက စူးရှ​ပေမဲ့ မျက်​နှာက​တော့ ပြုံးစိစိ ​ပြောင်​စပ်​စပ်​နဲ့ အဲ့ဒီမြို့ထဲကို လမ်း​ဘေးမှာ ​ကောက်​ရခဲ့တဲ့ သိုင်းကျမ်းစာအုပ်​ ပါးပါး​လေး ကိုင်​ပြီး ဝင်​လာခဲ့သတဲ့ကွယ်​..။

ရွာထဲ ဝင်​ဝင်​ချင်းမှာ သူ့ကို ​နွေး​ထွေးပျူငှါ ကြိုဆိုမှုနဲ့ ကြုံလိုက်​ရတဲ့အခါ သူလည်း ​ဖော်​​ဖော်​​ရွေ​ရွေ ပြန်​ပြုံးပြပြီး ရွာထဲ ဆက်​ဝင်​ခဲ့ပါသတဲ့။

သူ့ရဲ့ အပြင်​အဆင်​ကို မြင်​ကြတဲ့ တချို့အ​ကောင်​​တွေက ထိုး​ဟောင်​ကြသတဲ့။ ရန်​လည်း လုပ်​ကြသတဲ့။တချို့က​တော့ သူ့ရဲ့အပြုံးအတိုင်း တန်​ပြန်​ပြုံးပြကြသတဲ့..။

တချို့​တွေက ဦး​နှောက်​ အဆံပြန်​ပြည့်​ဖို့ ​ရေဆွတ်​​နေကြရင်း လှမ်း​အော်​ကြတယ်​။
တချို့က ဝမ်းသာအားရ ကြိုဆိုကြရင်း သူ့ရဲ့ အ​ပေါ်ယံ ဝတ်​ရုံအတွင်းဖက်​က လှပတဲ့ ဝတ်​စုံကို သိမြင်​ခွင့်​ရကြတယ်​။စုန်း​ပေါက်​စ​လေးရဲ့ ​ဖော်​​ရွေတဲ့အပြုံးနဲ့ ဘဝအ​မော တချို့ ​ပြေခွင့်​ရကြသတဲ့။

တချို့​တွေက​တော့ ပိန်​လှီ​နေတဲ့ ခန္ဓာကိုယ်​ကို အင်္ကျီဖားကြီး​တွေ ဝတ်​ပြီး ဖြူ​ဖျော့တဲ့ မျက်​နှာ​ပျော့​ပျော့ကို မာထန်​ဟန်​​ဆောင်​ပြီး ​ကြောက်​စရာ​ကောင်း​လောက်​​အောင်​ အိမ်​​ရှေ့ကို ထွက်​ပြီး ဖိန့်​တယ်​။သူတို့အိမ်​​တွေက သစ်​ကိုင်း​တွေကို လှုပ်​ခါပြီး ​ခြောက်​လှန့်​ပြကြတာ​ပေါ့။
စုန်း​ပေါက်​စ​လေးက​တော့ သူ့အပြုံးကို ​မပြောင်းလဲခဲ့ပဲ....ဦးညွှတ်​ နှုတ်​ဆက်​လိုက်​သတဲ့ကွယ်​..။

တစ်​အိမ်​မှာ​တော့ က​လေးတစ်​​ယောက်​ဟာ သူ့အိမ်​က လူကြီး​တွေ မသိခင်​ သိုင်းဝတ္ထုစာအုပ်​ထူကြီး ကိုင်​လို့ စုန်း​ပေါက်​စ​လေးကို ​ဟစ်​​အော်​ စိန်​​ခေါ်​လေသတဲ့။သူ့စာအုပ်​က ဘုရားစင်​မှာ ထားတယ်​...ပိုပြီး ထူတယ်​​ပေါ့....
စုန်း​ပေါက်​စက သူ့လက်​ထဲက ​မြေကြီး​တွေ​ပေ​နေတဲ့ သိုင်းကျမ်း စာအုပ်​ စုတ်​​လေးကို ငုံ့ကြည့်​ပြီး ပြုံးပြလိုက်​​တော့ စုန်း​ပေါက်​စရဲ့ လက်​ထဲက သိုင်းကျမ်းကို တကယ်​တတ်​တဲ့ သူ​တောင်းစား ဂိုဏ်းက ဂိုဏ်းချုပ်​ကြီးက အဲ့က​လေးရဲ့ အိမ်​​ရှေ့နားအ​ရောက်​မှာ အားလုံးကို မြင်​​တွေ့ သွားပြီး ဝင်​ဖိုက်​​တော့တာပါပဲတဲ့..။ အဲ့ဒီ​တော့ က​လေးဟာ သူ့သိုင်းဝတ္ထုကြီးကို ပိုက်​ပြီး အိမ်​ထဲက​နေ ​ဟစ်​​အော်​​နေ​လေ​တော့သတဲ့။

သူ​တောင်းစား ဂိုဏ်းချုပ်​ဟာ အ​တော်​ ​ဒေါသထွက်​သွား​ပေမယ့်​ ပိုင်​နက်​ကျူးလွန်​မှု ဖြစ်​မှာ ​ကြောက်​လို့ ​နောက်​ဆုတ်​ပြီး စုန်း​ပေါက်​စကို ကျိန်းသွားသတဲ့ကွယ်​..။
" ​နောက်​တစ်​ခါ သူ့အိမ်​​ရှေ့မှာ သွားရပ်​ရင်​ သတ်​ပစ်​မယ်​ "လို့​ပေါ့..။ စုန်း​ပေါက်​စက ပြုံးပြီး ဆက်​ထွက်​သွားသတဲ့..။

သူမဟာ တစ်​လမ်းလုံး သူမကို ရယ်​ပြရင်​ ရယ်​ပြလိုက်​ ပြုံးပြရင်​ ပြုံးပြလိုက်​....ရန်​လုပ်​ရင်​လည်း ပြုံးပြလိုက်​နဲ့ ဆက်​လာခဲ့လိုက်​တာ....စုန်း​ပေါက်​စရဲ့ အဖြစ်​​တွေကို တစ်​လမ်းလုံး ​စောင့်​ကြည့်​​နေခဲ့တဲ့ ပါဝါရိန်းဂျား အနီ​ကောင်​က မ​နေသာ​တော့ပဲ စုန်း​ပေါက်​စသွားရာလမ်းအတိုင်း လိုက်​လာပြီး စုန်း​ပေါက်​စကို ရန်​​ထောင်​တဲ့သူမှန်​သမျှကို ​လေဆာနှုတ်​သီးနဲ့ ​ကောင်း​ကောင်းကြီး ဝင်​ပစ်​​တော့တာ...အဲ့ဒီရွာကြီး ဝရုန်းသုန်းကား ဖြစ်​​နေ​တော့တာပါပဲတဲ့.....

နောက်​​နေ့အထိ စုန်း​ပေါက်​စဟာ ​လျှောက်​သွား​နေရင်းနဲ့ ရန်​လုပ်​သူ​တွေ ထိုး​ဟောင်​သူ​တွေ ပြုံးပြသူ​တွေ အားလုံးက သူ့ကိုကြည့်​ကြတဲ့ အမြင်​စုံကို စုံပလုံ စိ​နေ​အောင်​ အစုံမြင်​​အောင်​ကြည့်​ပြီး ပြုံးပြုံးကြီိး....သူ့ပန်းကန်​ပြားပျံဆီကို ပြန်​သွား​လေသတဲ့...။

သူဟာ ပန်းကန်​ပြားပျံထဲက​နေ တစ်​ရွာလုံးကို ပြုံးပြုံးကြီး ကြည့်​ရင်းနဲ့ပဲ သူ​ကောက်​ယူခဲ့တဲ့ သိုင်းကျမ်းစာအုပ်​စုတ်​ကေ​ပ​နတဲ့ ​မြေကြီး​​တွေကို ပွတ်​ခါလို့ သိုင်းကျမ်း​စာအုပ်​​လေးကို ​ခေါင်းအုံးပြီး အိပ်​​နေလိုက်​​တော့ သတဲ့ကွယ်​။ ။

ပုံပြင်​​လေးက​တော့....ဒါပါပဲကွယ်​.....

I'm ATM.
image
ayethatmon@ayethatmon
MSU no 021.

Photo credit by google.

စုန်း​ပေါက်​စ ပုံပြင်​ | Ecency