MISSED CALLS

Words
56
Reading
1 min
Listen
Play
9y

image

အဝင် calls လေးတွေ
အသက်မဲ့နေသလို ငေးကြည့်ရင်း
missed calls ဖြစ်တဲ့အထိစောင့်တယ်

တုန်ရီနေတဲ့ လက်တွေ
ဖုန်းလေးကို ကိုင်ရင်း
ခံစားချက်တွေ သေစေခဲ့တယ်

ကြားနေကျ အသံတွေကို
အလွတ်ရသည့်အထိ ကိုယ်မှတ်မိတာပဲ
ပြောနေကျ စကားတွေဟာ
ဘယ်တော့မှမမေ့နိုင်အောင် နှလုံးသားမှာ
မှတ်တမ်းထားတယ်

မုန်းလိုက် မေ့လိုက်ပြောဖို့မလိုပါဘူး
မင်းမသိအောင်လေးပဲ ကိုယ်ဆက်ချစ်နေခဲ့တာ
သတိရတယ် လွမ်းတယ်လို့လည်း
ပြောနေဖို့မလိုပါဘူး
ခံရခက်တဲ့ အသည်းက အနာအဆာတွေဟာ
ဒီနေ့ထိ မပျောက်ကင်းနိုင်သေးဘူး

ဖျက်လိုက်ပြီဖြစ်တဲ့ ဖုန်းနံပါတ်လေး
အလွတ်ရနေသေးတာ မသိလို့များလား
ဖုန်းစိမ်းတွေနဲ့ မခေါ်ပါနဲ့
ကိုယ့်မှာ မင်းကလွဲလို့ ခေါ်မဲ့သူမရှိတာ
မင်း မသိလို့များလား

မင်းနဲ့ပတ်သက်တဲ့အရာရာတိုင်းဟာ
ကိုယ် အလွတ်ရနေပါတယ်
missed calls တွေဟာ မသိစိတ်တွေကို
ဒဏ်ခတ်နေပါတယ် ကိုယ်ဖြေခွင့်မှမရှိတာ. .

MISSED CALLS | Ecency