Korea

ayenanda(42)
Published in
#hfs
Words
67
Reading
1 min
Listen
Play
9y

ကိုရီးယား

ကိုရီးယားဆိုတာနဲ့ အရင်ဆုံးသတိရမိတာဘာလဲ?လူငယ်တွေတော်တော်များများကတော့ ရုပ်ရှင်တွေကျေးဇူးနဲ့တော်တော်များများကို အကျွမ်းဝင်နေကြပါပြီ။ နာမည်ကြီးတွေထဲမှာ

နန်းတော်လား

နန်းတွင်းထဲမှာ ကိုရီးယားရိုးရာဝတ်စုံလေးတွေ ဝတ်ပြီးဓါတ်ပုံမရိုက်ချင်ကြဘူးလား

image

image

ဆိုးလ်မြို့ ၊ ဆိုးလ်တာဝါလား
ရုပ်ရှင်တွေထဲမှာ တွေ့ကြမှာပါ
ချစ်သူဖြစ်သွားရင်လည်း ဆိုးလ်တာဝါမှာ နှလုံးသားသော့ခတ်ဖို့သွားကြသလို
လမ်းခွဲကြရင်လည်း အသည်းကွဲဖို့သွားကြတဲ့နေရာတခုပေါ့

image

image

ဟန်မြစ်

မြစ်ကမ်းနဘေးမှာ အေးအေးလူလူထိုင်ရင်းမီးပန်းဖောက်တာကို ကြည့်ဖို့သွားကြသလို ကိုယ့်ကိုကိုယ်သတ်သေဖို့အသွားအများဆုံးမြစ်တခုပေါ့

ဟေမာန်ဆောင်းရဲ့ချစ်သံဇဉ်ကားလေးထဲကကျွန်းလား
ဒါကတော့အထူးအထွေပြောစရာမလိုဘူးလို့ထင်ပါတယ် တစ်နှစ်မှာ ရာသီဥတုအလိုက် ပြောင်းလဲနေတဲ့ကျွန်းလေးပေါ့

image

image

cheonggye ချောင်းလား
အရင်ခောတ်တုံးကကျုးကျော်တွေရေဆိုးရေညစ်တွေပြည့်နေတဲ့ ချောင်းလေးကို ချစ်စဖွယ်ပြန်ပြင်ထားတာပါ

image

image

အသားကင်လား
ရုပ်ရှင်တွေထဲမှာ အသားတွေကင် အရွက်ထဲထည့်ထုပ်ပြီးပလုပ်ပလောင်းအားရပါးရစားတာကိုကြည့်ပြီးသရေကျမတက်ဖြစ်ခဲ့ဖူးတယ်ဟုတ်

image

ဂင်မ်ချီလား
ဂင်မ်ချီမကြိုက်တဲ့သူတော့ မရှိဘူးထင်တယ်

image

ဝက်နံရိုးပေါင်းလား
ကိုရီးယားရဲ့နာမည်ကျော် နံရိုးပေါင်းစွပ်ပါ အစပ်အရသာကဲကဲနဲ့တော်တော်စားလို့ကောင်းပါတယ်

image

ပူပူစပ်စပ်လေးစားရတဲ့ တော့ပုကီလား
အရမ်းအေးပြီးနှင်းတွေကျနေချိန်မှာ တော့ပုကီစပ်စပ်လေးစားပြနေတာကိုမြင်ရင်လေ သရေမကျတဲ့သူမရှိဘူးထင်ပါတယ်

image

ညဈေးကအကင်စုံလား

ဒါကတော့ဒီမှာနာမည်အကြီးဆုံးထင်ပါတယ် ဘယ်မှာကြည့်ကြည့် ကိုရီးယားကင်တွေချည်းပါပဲ

image

image

image

image

မြောက်ကိုရီးယားခေါက်ဆွဲသုပ်လား
ချဉ်ငံစပ်အရသာလေးပါ အသုပ်စုံလိုပုံစံလေးပေါ့

image

ဒါမှမဟုတ် ကိုရီးယားမလေးတွေလား😜😜😜
တခြားပြောစရာတွေအများကြီးရှိပါသေးတယ်။
အခုကတော့ ကိုယ်သိသလောက်ကိုပြောပြတာပါ

ဘယ်ဟာကိုအကြိုက်ဆုံးလဲ
friတို့တစ်ယောက်နဲ့တစ်ယောက် အကြိုက်မတူဘူးဆိုတော့ ကိုယ်ကြိုက်တာလေးတွေမန့်သွားကြနော်😊😊😊

Korea | Ecency