Friendship

Words
87
Reading
1 min
Listen
Play
8y

သူငယ်ချင်း
တွေ့ကြုံလာတဲ့ ဒုက္ခကို
လက်မြှောက်ပြီး အရှုံးပေးစရာမလိုပါဘူး
ရင်ဆိုင်ရဲတဲ့ သတ္တိမရှိဘူးဆိုရင်
အခက်အခဲတွေ့တိုင်း အကျပ်အတည်းဖြစ်ပြီး
အရှုံးတွေနဲ့ ရင်ဆိုင်ရဦးမှာ

ကိုယ့်ဘဝကို ကိုယ်တိုင်လျှောက်လှမ်းပါ
နောက်ပြန်လှည့်မကြည့်ပါနဲ့
သင့်နောက်ကလူတွေက အားပေးဖို့ထက်
ကဲ့ရဲ့ဖို့ပဲများလိမ့်မယ်
သင် အောင်မြင်နေတာထက်
ကျရှုံးတာကို မြင်ချင်တဲ့သူတွေက တစ်ပုံကြီးပါ

ကိုယ်မှန်တယ်ထင်ရင် ပြောဆိုလုပ်ကိုင်ပါ
ဘယ်သူ့မှ ဂရုစိုက်စရာမလိုပါဘူး
ဒါပေမယ့် ကိုယ့်ကြောင့်
ဘယ်သူ့ကိုယ်မှ မထိခိုက် မနစ်နာစေဖို့
လိုပါလိမ့်မယ်

စက်ဘီးစီးတတ်ချင်ရင်
ပွန်းပဲ့ ဒဏ်ကို ခံနိုင်ရမယ်
အောင်မြင်ချင်ရင်
ဝေဖန်တဲ့ဒဏ်ကို ခံနိုင်ရမယ်
ဘဝဆိုတာ ပုံသေတွက်ထားလို့ မရပါဘူး
ချမ်းသာတဲ့သူလည်း ဆင်းရဲသွားနိုင်သလို
ဆင်းရဲတဲ့သူလည်း ချမ်းသာသွားနိုင်ပါတယ်

ငါ ကံဆိုးတယ်လို့ မငြီးလိုက်ပါနဲ့
သင့်ထက် ကံဆိုးတဲ့သူတွေရှိပါသေးတယ်
ကံဆိုးခြင်း ကံကောင်းခြင်းကလည်း
ကိုယ်လုပ်ခဲ့တဲ့ အရာတွေက
ကောင်းကျိုး ဆိုးကျိုးခံစားခွင့်အချိန်
ကျရောက်လာလို့ဖြစ်လာတာပါ

အပြစ်တင်တတ်တဲ့ လူတွေကို
ပြန်ပြီး မတုန့်ပြန်ပါနဲ့
အပြစ်တင်တတ်တဲ့ လူတွေက
တစ်ဖက်သားကို အပြစ်ပဲမြင်တတ်တာ ဗီဇပါနေလို့ပါ
လက်ညှိုးထိုးတတ်သူတွေကို
လက်မထောင်နိုင်အောင် ကြိုးစားပြလိုက်ပါ
ကိုယ်မကောင်းကြောင်းပြောတဲ့သူတွေရဲ့စကားကို
မကြားချင်ယောင် ဟန်ဆောင်လိုက်ပါ
ကိုယ့်ကို အရွဲ့တိုက်လာရင်
မမြင်ချင်ယောင် ဟန်ဆောင်လိုက်ပါ
ခွေးရှုးနဲ့ ပြိုင်ကိုက်ရင်
ကိုယ်လဲ ခွေးရှုးဖြစ်သွားနိုင်တယ်ဆိုတာ
သတိပြုသင့်ပါတယ်
ဘယ်သူကောင်းတယ် မကောင်းဘူးဆိုတာ
အချိန်က ဆုံးဖြတ်သွားပါလိမ့်မယ်…?

ayenanda@ayenanda

Friendship | Ecency