အားမာန်သစ်

Words
32
Reading
1 min
Listen
Play
9y

အားမာန်သစ်


ဘဝဆိုတာ
ရုန်းကန်ဘို့
ဘာမဆိုပေါ့....,..

နေ
ပူပါစေ
ခေါင်း ဖယောင်းမဟုတ်ဘူး......

မိုး
ရွာပါစေ
ခေါင်း အိုင်မဟုတ်ဘူး......

လေ
တိုက်ပါစေ
ခေါင်း ဂွမ်းမဟုတ်ဘူး......

စိတ်ဓာတ်
မာကြောပါစေ
သံမဏိလို..,,.

နောက်မဆုတ်နဲ့
ဆူးလိုချွန်
တံခွန်လို လွင့်ထူ.....

ဘဝ
အရှုံးမပေးနဲ့
အားတင်းပြီး ကြိုးစား
အားမာန်သစ်နဲ့
ရည်ရွယ်ချက် အောင်မြင်တဲ့ထိ...,.
ဦးမင်းကိုဟိန်း(မြန်မာ)

အားမာန်သစ် | Ecency