အမြဲတမ်းတော့

Words
39
Reading
1 min
Listen
Play
9y

" အမြဲတမ်းတော့ "

ကိုယ်စိတ်တိုတဲ့အကြည့်နဲ့ကြည့်တဲ့အခါ
သူတို့ပြောမယ်
"ဒါလေးပြောတာနာစရာလား"

ကိုယ်စိတ်ဆိုးလို့ပြန်ပြောတဲ့အခါ
သူတို့ပြောမယ်
"ဒီစကားတစ်ခွန်းကအသားပဲ့ပါသွားလို့လား"

ကိုယ်မကြို က်တဲ့ အရာတွေ့လို့ မကြည်တဲ့
အပြောနဲ့ပြောတဲ့အခါ
"ဒီအပြု အမူလေးက ဘာထိခိုက်သွားမှာမို့လို့လဲ"

ကိုယ်မကျေ နပ်လို့ ပြန်ပြောတဲ့အခါ
သူတို့ပြောမယ်
"ဒါလေးလုပ်လိုက်ရတော့ရော
ဘာဖြစ်သွားမှာမို့လို့လဲ"

အသားလဲမပဲ့သလို ဘာမှလဲဖြစ်မသွားပါဘူး
ဒါပေမယ့် လူလို့ကိုယ့်ကိုကိုယ်သတ်မှတ်ထားတယ်ဆိုရင်
ပြောသင့်တဲ့စကား၊လုပ်သင့်တဲ့အလုပ်ကို
အချိန်အခါ အခြေအနေပေါ်မူတည်ပြီး
ပြောဆိုပြု မူလုပ်ကိုင်ပါ

ဘယ်သူမဆို အချိန်တိုင်းစိတ်မရှည်နိုင်သလို
အတိုင်းအတာတစ်ခုကိုကျော်လွန်လာခဲ့ရင်လည်း
သည်းမခံဘူး...။

    မနောသီရိ~အတွေးနဲ့အမြင်စာစုလေးများ
အမြဲတမ်းတော့ | Ecency