Just for fun

Words
61
Reading
1 min
Listen
Play
3y

သမီးကြီး ကျောင်းမှာ Parent teachers Meeting ရှိ လို့ သွားရမှာကို အမေကို မှာတန်း ခြွေနေတာ

မေမေ ထမိန်ဝတ်မလာနဲ့နော် အဘွားကြီးလိုလုပ်မလာနဲ့
မေမေနဲ့ ထမိန်နဲ့ မလိုက်ဘူးတဲ့
အဲ့လိုဆိုတိုင်းလည်း အရမ်း အတို အပြတ်တွေမဝတ်နဲ့
(နောက်ဆုံး စိတ်မချလို့ထင် ကိုယ်တိုင်အဝတ်ရွေးပေးခဲ့တယ်)

ခေါင်းလျှော်လာ ဆံပင်လေးဝဲနေအောင် Hair coat ကို နည်းနည်းပဲလူး
မျက်နှာလေးကို ပြေပြေလေးလိမ်း

လာရင် ဆူပုတ်ပုတ်မနေနဲ့ အမေက ပြုံးနေမှ လှတာ
အဲ့လိုဆိုတိုင်း အိမ်မှာလို ပေါတောတော တော့မလုပ်

ဟဲ့ ငါ မိဘဆရာ အစည်းဝေးတက်ရမှာလား နင့်အတွက် အဖေ သစ်ရွေး ပွဲ တက်ရမှာလား လို့ မေးလိုက်တယ်

ဟုတ်တယ် စိတ်မရှည်ရင် မိဘ ဆရာ ပူးပေါင်းလိုက်ရ
သူတို့ဆရာတွေက ဆရာဝန်တွေ တဲ့ 😁😁

Just for fun | Ecency