လူတွေတော်တော်များများရဲ့ ကံကြမ္မာကနောက်ဆုံးတော့ တူညီကြပါတယ် ။ တစ်သက်လုံး ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီး ဆေးရုံ ကုတင်ပေါ်မှာပဲ လူ့ဘဝ အဆုံးသတ်သွားပါတယ် ။
ကံဆိုးတဲ့ တနေ့ .. ဆေးရုံက ဒီ အချက် ၃ ချက်ကို ပြောလိုက်ရင်တော့ သင်ဒေဝါလီခံရဖို့ (မွဲဖို့)
လုံလောက်ပါပြီ။
The fate of most people is ultimately the same. He worked hard all his life and ended up in a hospital bed. One unfortunate day, if the hospital tells you these three things, you will go bankrupt. That's enough.
၁။ သင့်မှာ ပြင်းထန်ဆိုးရွားတဲ့ ရောဂါတခုရှိနေပါပြီ
၂။ဒါပေမယ့် ကျနော်တို့ အကောင်းဆုံးဖြစ်အောင်
ကုသပေးပါမယ်။
၃။ကုသစရိတ်က အရမ်းကြီးပါလိမ့်မယ် ။
ဘဏ်နဲ့ဆွေးနွေးတော့လည်း
ဘဏ်ကလည်း အချက် ၃ ချက်ကိုပဲ ပြောပါလိမ့်မယ် ။
၁။ အခြေအနေမှန်ကို ကျနော်တို့ နားလည်ပါတယ်။
၂။ဒါပေမယ့် ဥပဒေက ဥပဒေပဲလေ။
၃။ငွေတွေပြန်မပေးနိုင်ရင် ဒေဝါလီခံရမှာပဲ။
The bank will only say three things.
ဆေးရုံက ကုတင်ပေါ်မရောက်ခင် ကျန်းမာရေး ကျွမ်းကျင်သူ ဆရာဝန်တွေပြောတဲ့ အချက် ၃ ချက်ကို နားထောင်နိုင်မယ်ဆိုရင် သင့်ဘဝရဲ့ ကံကြမ္မာကို ပြောင်းလဲ နိုင်ပါလိမ့်မယ်။
Before you go to bed in the hospital, you can change the course of your life if you listen to three things that health professionals say.
၁။သင့်အတွက် အကောင်းဆုံးဆရာဝန်က
သင်ကိုယ်တိုင်ပဲ ဖြစ်ပါတယ်
၂။အကောင်းဆုံးဆေးရုံက မီးဖိုချောင်ပဲဖြစ်ပါတယ်
၃။အကောင်းဆုံးဆေးဝါးတွေကတော့
(ကျန်းမာသန့်ရှင်းတဲ့) အစာအာဟာရပဲ ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ သင့်ကိုယ်စားကားမောင်းပေးမယ့်လူရှိမယ် ပိုက်ဆံရှာပေးတဲ့လူရှိနိုင်တယ်
ပိုက်ဆံဖြုန်းပေးမယ့်လူလည်းရှိနိုင်တယ်ဒါပေမယ့် သင့်ကိုယ်စား ရောဂါဒဏ်ခံစားပေးမယ့်လူ
ဘယ်သူမှမရှိဘူး။သင်စွန့်ပစ်လိုက် (ဆုံးရှုံးသွားတဲ့) တဲ့အရာတွေ အကုန်ပြန်ရှာလို့ ရနိုင်ပါတယ် ။ ဒါပေမယ့် တကြိမ် ဆုံးရှုံးသွားပြီး ဘယ်တော့မှ ပြန်မရနိုင်တာက အသက် ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ အချမ်းသာဆုံး သူဌေးတဦးဖြစ်သူ ဂျက်မား ပြောဖူးပါတယ်။ မျောက်တကောင်ရှေ့
မှာ ငှက်ပျောသီး တဖီးနဲ့ ဒေါ်လာ တထပ် ထားပြီး ရွေးခိုင်းမယ်ဆိုရင် မျောက်က ငှက်ပျောသီးကိုပဲ ယူမှာပဲ။ ပိုက်ဆံက ငှက်ပျောသီး အများကြီးကို ဝယ်လို့ရတာ မျောက်က မသိဘူးလေ။ လူတွေရှေ့
မှာ ကျန်းမာခြင်း နဲ့ ချမ်းသာခြင်း (ငွေကြေး) အဲဒီ၂ ခုကိုထားပြီး ရွေးခိုင်းမယ် ဆိုရင် အများစုက ချမ်းသာခြင်းကိုပဲ ရွေးကြပါတယ်။
As one of the richest people in the world, Jammar once said: In front of a monkey. If you order a banana and a dollar and ask for a choice, the monkey will only take the banana. The monkey did not know that money could buy a lot of bananas. In front of people.When it comes to health and wealth (money), most people choose wealth.
ဒါပေမယ် သင်သိပါသလားကမ္ဘာပေါ်မှာရှိတဲ့ ပိုက်ဆံအားလုံနဲ့ ကျန်းမာရေးကို ဝယ်လို့ မရဘူးဆိုတာ ။လူတွေက အယူအဆ အမှားတွေနဲ့ ကိုယ့်ဘဝ ကို ဖျက်စီးနေကြတယ်။
တနေ့ ခွဲစိတ်ခန်းထဲဝင်ရတဲ့ အချိန်မှာ ရုတ်တရက် အလင်းရလိုက်တယ် ကျန်းမာခြင်းထက် တန်းဖိုးရှိတာ ဘာတခုမှ မရှိပါလား။ကျန်းမာရေးနဲ့ပြည့်စုံတဲ့ ချမ်းသာခြင်းကသာ ကိုယ်ပိုင်ဥစ္စာ ကျန်းမာရေးချို့တဲ့ တဲ့ ချမ်းသာခြင်းက အမွေ အဖြစ် ထားခဲ့ရမြာပါ။လူအများစုက ကိုယ့်ကိုကိုယ် အသက်တိုအောင် လုပ်နေကြတယ်။ နောက်ဆုံးကျတော့ ကျန်းမာရေးကို ပိုက်ဆံနဲ့ ဝယ်လို့ရ
တာလဲ မဟုတ်။ ပိုပြီးဝမ်နည်းဖို့ကောင်းတာက သေပြီးတဲ့အချိန်မှာ အကြွေးတွေ တောင်ပုံ ယာပုံ ထားခဲ့ပြီး ကိုယ်ချစ်တဲ့သူတွေ အပေါ် ဝန်ထုတ်ဝန်ပိုး ဖြစ်စေပါတယ်။ဒီလို ကံကြမ္မာ ကနေလွတ်
မြောက်ချင်ပါသလား။သင်အခုကနေစပြီး ကျန်မားရေးနဲ့ပြည့်စုံတဲ့ဘဝကို ရရှိဖို့ စဉ်းစားပါ။
သေမင်းမှာ အချိန်းအချက် မရှိဘူး။တက်သစ်စ ဘောလုံးကစားသမား အာနီဒေးဗစ်ဟာ
သွေးကင်ဆာနဲ့ အသက် ၂၃ နှစ် မှာ ဆုံးခဲ့ပါတယ်။ကမ္ဘာကျော် အနုပညာရှင်အဲဗစ်ပရက်စလေဟာ အသက် ၄၂ မှာ မူးယစ်ဆေးဝါးသုံးစွဲပြီး နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ် ။ဂျဇ္ဇ ဂီတပညာရှင် ဂျွန်ကိုထရိန်း အသက် ၄၀ မှာ အသည်း ကင်ဆာနဲ့ ဆုံးခဲ့ပါတယ်။ကျွန်ုပ်တို့ မိသားစု ၊ သူငယ်ချင်း ဘယ်နှစ်ယောက် လူ့လောက ကနေ ထွက်ခွာသွားပြီလဲ ။ ကျွန်ုပ်တို့ပဲ အသိဆုံးပါ။
But did you know that money cannot buy health in the world? People are ruining their lives by misconceptions. One day, as I was entering the operating room, I was suddenly struck by a light. Is there anything more valuable than health? Only healthy wealth can be inherited from poor personal wealth. Most people are shortening their lives. Finally, money can buy health care.Not at all. Even more tragic is the fact that when you die, you end up in debt and place a burden on your loved ones.Do you want to succeed? Think about it now and have a healthier life.Death has no time. Rookie Anne David. He died of leukemia at the age of 23. World-renowned artist Evis Presley died of a heart attack at the age of 42 after a drug overdose. How many friends have left the human world? We are the ones who know best.
ကျနော်တို့ အခု ကျန်းမာ သန်စွမ်းနေတာနောက် ၁၀ နှစ်အထိ ကျန်းမာသန်စွမ်းနေမယ်လို့
ယူဆလို့ မရပါဘူး။သေစေနိုင်လောက်တဲ့ နာတာရှည် ရောဂါတွေဟာ အသေးဆုံးပျက်စီးမှုက
စတင်တာပါ ။အခု သင့်မှာ ကြိုတင်ကာကွယ်ဖို့ အခွင့်အရေး ရှိနေပါတယ်။ပုဆိန်နဲ့ပေါက်ရ
လောက်အောင် ကုသရမဲ့ ရောဂါကို အပ်နဲ့ထွင်းရုံနဲ့ ကာကွယ်နိုင်မယ်ဆိုရင် ကျွန်ုပ်တို့ ဘာလို့ မလုပ်နိုင်ရမှာလဲ ။ဒီနေ့ ကျန်းမာရေးအတွက် ဂရုစိုက်မှု မပေးနိုင်ဘူးဆိုရင်တနေ့မှာ ကျန်းမာရေး ကုန်ကျစရိတ်တွေ ပေးဆောင်ရမှာ ဖြစ်ပါတယ် ၈၀% လူတွေက ကျန်းမာရေးအတွက်အကုန်
အကျ မခံချင်ကြ ဘဲနောက်ဆုံး ရက်၊လ များကို ဆေးရုံမှာပဲ နေသွားကြပါတယ် နာကျင်ခြင်း ၊ ရောဂါဝေဒနာတွေ ခံစားပြီး လောကကြီးကနေ ထွက်ခွာသွားကြပါတယ် ။၉၅% လူတွေက ရောဂါ ကြောင့် သေဆုံးရတာဖြစ်ပြီး၅% ကသာ အသက်ကြီးလို့ သေဆုံးတာ ဖြစ်ပါတယ် ။ဒီလို ရောဂါ
တွေ ငါတို့တော့ ဘယ်တော့မှ မဖြစ်ဘူး လို့ မထင်ပါနဲ့။မျက်ကန်း အကောင်းမြင်တာမျိုးတော့ မဖြစ်ပါစေနဲ့။ ငယ်ငယ်တုန်းက ဒီလို အယူအဆ ရှိတဲ့လူတွေ အခု ဆေးရုံ ကုတင်ပေါ် ရောက်နေကြတာ သင်သိဖို့ကောင်းပါတယ်။ကျန်းမာခြင်းဟာအမှန်တကယ် မရှိမဖြစ် လိုအပ်တဲ့ အရာ မပြန်လမ်းကို သွားရမယ့်အချိန် မရောက်အောင် ကျွန်ုပ်တို့ ကျန်းမာရေး ဂရုစိုက်ရပါမယ် ။
နာကျင်ခြင်း ၊ ရောဂါဝေဒနာနဲ့ နပန်းမလုံးရအောင် ကျနော်တို့ချစ်တဲ့သူတွေ ၊မိသားစုတွေ က
လူမမာတယောက် အပေါ် ငွေကြေး ၊အချိန်တွေ အကုန်ခံပြီး ဝန်ထုတ်ဝန်ပိုး မဖြစ်ရအောင်မဟုတ်
ကျန်းမာရေး သတိထား နေရပါမယ်။
We are healthy now and will be healthy for the next 10 years
It can not be assumed. Chronic diseases that can be fatal are the smallest damage. To begin with, you now have the opportunity to take precautions
If we can prevent a disease that can be treated with a needle, why can't we do it?They stay in the hospital for the last days or months, not wanting to suffer. 95% of people die from the disease and only 5% die of old age.
Do not think that we can never be perfect, let alone be blind. It is good to know that people who had this idea when they were young are now in hospital beds. Pain To protect our loved ones and family from suffering from illness. Not to be a burden to spend money and time on a tough person
You have to be careful about your health.
AUTHOR