Why

Words
88
Reading
1 min
Listen
Play
8y

download-1.jpg

Credit-http://www.xerago.com/blog/2016/08/are-you-a-brand-with-a-purpose/

ကျွန်တော် facebookမှာပေါ့ the whole burma ကောင်လေးတယောက်ပြောတာကို သတိထားမိသွားပြီး ပြောချင်တာလေးတွေရှိသွားပါတယ်။


အဲဒါက ကျွန်တော်တို့ဟာ ဘာကြောင့်စာမေးပွဲဖြေကြရတာလဲ။ကျွန်တော်တို့ဟာ ဘာကြောင့် စာတွေကို ကျက်နေရတာလဲပေါ့။


ခုချိန်ထိ ကိုယ့်ကိုကိုယ် ပြန်မေးကြည့်တယ်။

ပညာရေးဘဲ အပြစ်တင်ရမှာလား။

ဆရာ၊ဆရာမတွေဘဲ အပြစ်တင်ရမလား။

ကိုယ့်ကိုကိုယ်ဘဲ အပြစ်တင်ရမလား။

ပတ်ဝန်းကျင်ကိုဘဲ အပြစ်တင်ရမှာလား။


ကျွန်တော် စဉ်းစားကြည့်တယ်။ကျွန်တော်တို့က စာကိုနားလည်ဖို့ထက် အမှတ်များဖို့၊ အောင်ဖို့ ဘဲ အဓိကထားနေကြတယ်။


ပြီးတော့ ၁၀တန်းမှာ အမှတ်တွေနဲ့ တက္ကသိုလ်တွေကို သတ်မှတ်လိုက်တော့ ပိုဆိုးတာပေါ့။ကျွန်တော်တို့ လူတွေဆိုတာ ပြောရရင် အသိဥာဏ်ရှိပြီး မိမိဝါသနာကို သေသေချာချာ လုပ်မယ်ဆိုရင် အောင်မြင်မယ်ဆိုတာ မလွဲဧကန်ပါဘဲ။


ဒီတော့ ၁၀တန်းမှာ ကျွန်တော်တို့ မြန်မာစာတွေသင်ကြရတယ်။အဲဒီထဲမှာဆိုရင် ပါတဲ့ကဗျာတွေဆိုရင် ရသမြောက်ပြီး အရင်တုန်းက စာရေးဆရာတွေက ဘဝတခုရဲ့ ဘယ်လောက်တန်ဖိုးရှိတာ အလှတရားတွေကို ဖော်ကျူးထားတာ အလွန်ကို ချီးကျူးစရာပါပဲ။


ဒါပေမဲ့ ကျွန်တော်တို့ရဲ့ဘဝက ကဗျာတွေကို ရသမြောက်အောင် ခံစားတတ်ဖို့ နေနေသာသာ စာမေးပွဲမှာ အမှတ်များဖို့ကို အဓိက ထားနေကြပါတယ်။
ဆရာမတွေကလည်း ကဗျာတွေအတွက် ရှင်းပြဖို့လည်း အချိန်မပေးကြပါဘူး။


ဒီတော့ ကျွန်တော်တို့မြန်မာတွေဟာ မြန်မာလူမျိုးဖြစ်ပြီး မြန်မာစာမှာ သေသေချာချာ တတ်မြောက်တဲ့သူဆိုတာ လက်ချိုးရေလို့တောင် ရပါတယ်။


ဒါတွေက ဘာကြောင့်လဲ။

aunogouriki@aunogouriki

Why | Ecency