Workers set the minimum fare zone.

Words
115
Reading
1 min
Listen
Play
9y

အနည်းဆုံးအခကြေးငွေသတ်မှတ်နိုင်ရေး ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြဖို့ ပြည်ထောင်စုဝန်ကြီး တိုက်တွန်း


မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့်ကိုက်ညီပြီး အလုပ်ရှင် အလုပ်သမား နှစ်ဦးနှစ်ဖက်အတွက် မျှတသည့် အနည်းဆုံး အခကြေးငွေနှုန်းထားကို အောင်မြင်စွာ အတည်ပြုနိုင်ရေး ပွင့်ပွင့်လင်းလင်း ဆွေးနွေးစေ လိုကြောင်း အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်း ဆွေက ပြောသည်။

မတ်လ (၅) ရက်နေ့ နေပြည်တော် အလုပ်သမားလူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၌ ပြုလုပ်သည့် ပဉ္စမအကြိမ်မြောက် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ ညှိနှိုင်းအစည်းအဝေးတွင်ကျင်းပခဲ့ပြီး၊ အလုပ်ရှင် အလုပ်သမား ရေရှည်အကျိုးအတွက် အနည်းဆုံး အခကြေးငွေနှင့် ပတ်သတ်ပြီး ဥပဒေနှင့်အညီ အမြန်ဆုံး ပေါ်ပေါက်နိုင်ရေးအတွက် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်နေ့က ပြန်လည်ဖွဲ့စည်းထားခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံ၏ လက်ရှိပကတိ အခြေအနေနှင့် ကိုက်ညီပြီး အလုပ်ရှင် အလုပ်သမား နှစ်ဦးနှစ်ဖက်အတွက် မျှတသည့် အနည်းဆုံး အခကြေးငွေ နှုန်းထားကို အောင်မြင်စွာ အတည်ပြုသတ်မှတ်နိုင်ရန် ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးစေလိုပါတယ်”ဟု ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောသည်။

မြန်မာနိုင်ငံရှိ အလုပ်သမားများအတွက် နေရာဒေသနှင့် လုပ်ငန်းအမျိုးအစားမခွဲခြားဘဲ တနိုင်ငံလုံးတပြေးညီ ပြင်ဆင်သတ်မှတ်သည့် အဆိုပြု အနည်းဆုံး အခကြေးငွေကို တနာရီလျှင် (၆၀၀) ကျပ်နှုန်းဖြင့် တရက် အလုပ်ချိန် (၈) နာရီအတွက် (၄၈၀၀) ကျပ်အား အလုပ်သမား (၁၀) ဦးအောက်ရှိ လုပ်ငန်းရှင်များနှင့် မိသားစု တပိုင်တနိုင်လုပ်ငန်းနှင့် သတ်ဆိုင်မှုမရှိကြောင်းကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့က အမိန့်ကြော်ငြာစာ ထုတ်ပြန်ကြေညာထားကြောင်း သိရသည်
image

Workers set the minimum fare zone. | Ecency