Manchester United news

Words
492
Reading
3 min
Listen
Play
9y

မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ

=============================================

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ဖယ် လေ နီ ကို ဂါလာတာစာရေး အသင်းက ခေါ်ယူဖို့ စိတ် ၀င် စားနေပြီး ဆွေးနွေးမှုတွေ ရှိခဲ့ပြီးကြောင်းသတင်းထွက် ပေါ်လာခဲ့ပါတယ် ။

“ဖယ် လေ နီ ဟာ မန်ချက်စတာ ယူနိုက်တက် က နေ ထွက် ခွာပါလိမ့်မယ် ။ အခု သူက ကျွန်တော်တို့ရဲ့ ပစ် မှတ် ဖြစ် လာပါပီ ။ သူနဲ့ ကျွန်တော်တို့ စကားပြောခဲ့ပါတယ် ။ သူ့အတွက် ကမ်းလှမ်းဖို့လည်း ပြင် ဆင် ထားပါ တယ် ။ အဆင် ပြေဖို့လည်း နီးစပ် နေပါပီ ။ တကယ် လို့ ဖယ် လေ နီ ကို ခေါ်နိုင် ခဲ့မယ် ဆိုရင် အန် ဒါယီ ( ဗီလာရီးရဲ ကွင်းလယ်လူ ) အတွက် လုပ်ဆောင် နေတာတွေကို ရပ် လိုက်တော့မှာပါ ။ ကျွန်တော်တို့ဆီမှာ ဖယ် လေ နီ လိုမျိုး ကွင်းလယ် မှာ လွှမ်းမိုးနိုင် တဲ့ ကစားသမားမျိုး လိုအပ် ပါတယ်”
#အာဂန် ( ဂါလာတာစာရေး ဒါရိုက် တာ )

ဖယ် လေ နီ ဟာ ဂါလာတာစာရေး နဲ့ ၅ နှစ် စာချုပ် ချုပ် ဆိုမှာဖြစ် တယ် လို့လည်း တူရကီ အားကစား သတင်းစာတွေက ဖော်ပြလာခဲ့ပါတယ် ။

ယူနိုက်တက် ဟာလည်း ချဲလ်ဆီး ကွင်းလယ်လူ မာတစ် ကို လာမယ့် အပတ် အတွင်းမှာ ခေါ်ယူနိုင် ဖို့ ရှိနေ တယ် လို့လည်း Mail သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ် ။

အန် ဒါဟာရဲရား ရဲ့ အေးဂျင့် ဖြစ် သူ နဲ့ ယူနိုက်တက် အမှုဆောင် ၀ုဒ် ၀က် တို့တွေ့ဆုံပြီး ဟာရဲရား ရဲ့ စာချုပ် သစ် အတွက် ဆွေးနွေးသွားမယ် လို့ သတင်းရရှိပါတယ် ။

ဘာစီလိုနာ အသင်းဟာ နေမာ ထွက် ခွာသွားခဲ့ပါက ယူနိုက်တက် ရဲ့ ပစ် မှတ် ဖြစ် ခဲ့သူ အသက်လက်တီကို မက်ဒရစ် တိုက် စစ် မှုး အန် တိုနီ ဂရစ်ဇ် မန်း ကို ခေါ်ယူဖို့ စီစဉ် နေတယ် လို့ သတင်းထွက် ပေါ်လာခဲ့ပါတယ် ။

ဘာစီလိုနာ အသင်းဟာ ICC North America ပြိုင် ပွဲမှာ ဗိုလ် စွဲခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းက တော့ ၁ ပွဲ နိုင် ၁ ပွဲသ ရေ ( ပင် နယ် တီဖြင့်နိုင် ) ၁ ပွဲ ရှုံး ရလဒ် နဲ့ ရမှတ် ၅ မှတ် ( နိုင် ၃ + သ ရေ ပင် နယ် တီ နိုင် ၂ ) ရရှိကာ တတိယ နေရာမှာ ၇ပ် တည် နိုင် ခဲ့ပါတယ် ။

ဒေးဗစ် ဒီဂီယာ အသင်းမှာ ဆက် လက် ရှိ နေမှု အ ပေါ် ၀မ်းမြောက် ကျေနပ် မိကြောင်းနဲ့ ဒီဂီယာ နဲ့ မိမိ တို့ဟာ တစ် ဦးကို တစ် ဦး အပြန် အလှန် တိုးတက် အောင် ကူညီနေကြတာဖြစ် တယ် လို့ ဂိုးသမားကြီး ရိုမဲရိုး က ပြောဆိုသွားခဲ့ပါတယ် ။

ယူနိုက်တက် ဟာ အန် ဒါလက်ခ်ျ ကွင်းလယ် ကစားသမားလေး ဒန် ဒွန် ကာ ကို ခေါ်ယူဖို့ လည်း စိတ် ၀င် စားနေတယ် လို့ သိရပြီး အန်ဒါလက်ခ်ျ အသင်းက တော့ ယူရို ၂၅ သန်းက နေ သန်း ၃၀ အကြားကမ်းလှမ်း လာမယ် ဆိုရင် လက် ခံ စဉ်းစားဖို့ ရှိတယ် လို့ ဆိုသွားခဲ့ပါတယ် ။

၂၀၁၀ ခုနှစ် လူငယ် FA Cup ကို လင် ဂတ် ၊ ပေါ့ဘာ တို့နဲ့ အတူ ရယူခဲ့ဖူးတဲ့ ယူနိုက်တက် လူငယ် ကစားသမားဟောင်း ရိုင် ယန် တန် နီ ကလစ်ဖ် ဟာ ဖူလ် ဟမ် အသင်းက နေ ထွက် ခွာလာအပြီးမှာ မီဝေါ အသင်းထံ ၂ နှစ် စာချုပ်ဖြင့် ရောက် ရှိသွားခဲ့ပြီလို့ သတင်းကြားသိရပါတယ် ။

ယူနိုက်တက် ရဲ့ ယခုနွေရာသီပစ် မှတ် ဖြစ် သူ အိုင် ဗန် ပါရီဆစ် က တော့ ယမန်နေ့က ချဲလ်ဆီး အသင်းနဲ့ ပွဲမှာ အင် တာမီလန် အတွက် ခြေစွမ်းပြခဲ့ပြီး ၁ ဂိုးသွင်းယူနိုင် ခဲ့ပါတယ် ။ အင် တာ နည်းပြ စပါယ် လက် တီ က တော့ ပါရီဆစ် အတွက် အ ပြောင်းအ ရွှေ့ ကိစ္စတွေဟာ အဆုံးသတ် သွားပြီဖြစ် ကာ အသင်းမှာသာဆက် ရှိနေမှာဖြစ် တယ် လို့ ပြောဆိုထားခဲ့ပါတယ် ။

ယူနိုက်တက် ၊ ချဲလ်ဆီး နဲ့ ဂျုဗင် တပ် တို့ စိတ် ၀င် စားနေတဲ့ ရိုးမားနောက် ခံလူ မာနိုလက်စ် ဟာ အသင်းမှာ သာဆက် လက် ရှိနေမယ် လို့ ရိုးမား အားကစားးဒါရိုက် တာ မွန် ချီ က ပြောဆိုသွားခဲ့ပါတယ် ။

ယူနိုက်တက် လူငယ်လေး ဒီဗွန် တီ ရက် မွန်း က တော့ စကန် သရုပ် အသင်းထံ ဇန် န၀ါရီအထိ အငှား ပြောင်း ရွှေ့သွားခဲ့ပြီဖြစ် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယ နေ့ည မြန်မာစံတော် ချိန် ၁၁း၃၀ နာရီမှာ ဗယ် လာရန် ဂါ အသင်းနဲ့ နော် ဝေ မှာ ခြေစမ်းပွဲကစားမှာဖြစ် ပါတယ် ။

ယူနိုက်တက် ဟာ ဗယ် လာရန် ဂါ နဲ့ ၂၀၁၂ ခုနှစ် က ပထမဆုံးအကြိမ် ခြေစမ်းကစားခဲ့ဖူးပြီး ဂိုးမရှိ သ ရေကျခဲ့ ပါတယ် ။ အဆိုပါ ပွဲမှာ ပါဝင် ကစားခဲ့သူတွေ အနက် ဗလင် စီယာ ၊ ကာရစ် ၊ လင် ဂတ် နဲ့ အက် ရှ် လေယန်း တို့သာ အသင်းမှာ ရှိတော့ပြီး ဒေးဗစ် ဒီဂီယာ နဲ့ ဂျုံးစ် တို့က တော့ အရန် ကစားသမားတွေအဖြစ် ပွဲကြည့်ခဲ့၇ပါတယ် ။

Manchester United news | Ecency