Audi Cup Winner

Words
153
Reading
1 min
Listen
Play
9y

FB_IMG_1501744426898.jpgFB_IMG_1501744429034.jpg
■ အက်သလက်တီကိုအသင်း ဗိုလ်စွဲခဲ့တဲ့
၂၀၁၇ Audi Cup ဗိုလ်လုပွဲ သုံးသပ်ချက်
ဘိုင်ယန်မြူးနစ်ကို (၃-၀)ဂိုးနဲ့ နိုင်ခဲ့တဲ့ပွဲမှာ လီဗာပူးလ်တိုက်စစ် ထက်မြက်ခဲ့ပေမယ့် အက်သလက်တီကိုရဲ့ ခံစစ် ထုထည်ကြောင့် အခွင့်အရေးသိပ်မရခဲ့ဘူး။ လီဗာပူးလ်ပွဲထွက်လူစာရင်းမှာ မာနေး၊ မီလ်နာ၊ လယ် လာနာ၊ ဆိုလန်ကီစတဲ့ကစားသမားတွေဦးဆောင် ခဲ့ပြီး ဘိုင်ယန်မြူးနစ်နဲ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့တဲ့မာနေး က အခုပွဲမှာ ပုံမှန်ခြေစွမ်းပျောက်ဆုံးနေခဲ့တယ်။ ပထမပိုင်းပွဲချိန်အတွင်းမှာ မာနေး ကစားပုံကြမ်းခဲ့ ပေမယ့် (၂)၀ါတစ်နီနဲ့ ထုတ်ပယ်မခံခဲ့ရတာ ကံ ကောင်းပါတယ်။ အက်သလက်တီကိုက ကစားသ မားသစ် ဗီယက်တို၊ လူငယ်နဲ့ အရန်ကစားသမား တွေကို ပွဲထွက်စေခဲ့ပြီး လီဗာပူးလ်ကို တန်ပြန် တိုက်စစ်နဲ့ပဲ ခြိမ်းခြောက်နိုင်ခဲ့ကာ ဂိုးကန်သွင်းခွင့် အများကြီးမရခဲ့ပါဘူး။ ဒါပေမဲ့ (၃၃)မိနစ်မှာ အက် သလက်တီကို တောင် ပံကစားသမား ဘာရီက အပိုင်ပိတ်သွင်းယူပြီး
ဦးဆောင်ဂိုးရယူပေး ခဲ့ပါတယ်။
ဒုတိယပိုင်းမှာ လီဗာပူးလ်က ဖေမီနို၊ အော်ရီဂီတို့ကို ထည့်ခဲ့လို့ တိုက်စစ်ကစားပုံပိုကောင်းလာပြီး အက်သလက်တီကိုအသင်းကလည်း တောရက်စ်၊ ဂရစ်ဇ်မန်းတို့ကိုထည့်ပြီး လီဗာပူးလ်ကို ခြိမ်းခြောက်ခဲ့ပါတယ်။
ဒါပေမဲ့ လီဗာပူးလ်က အခွင့်အရေးတွေ ပိုရခဲ့ပြီး အစောပိုင်းမှာ အော်ရီဂီ၊ ဖေမီနိုတို့ရဲ့ ကန်ချက် ဂိုးရဖို့နီးစပ်ခဲ့ပါသေးတယ်။
(၈၃)မိနစ်မှာ လီဗာပူးလ်ပယ်နယ်တီရခဲ့ပြီး ဒီပယ်နယ်တီကို ဖေမီနိုက အမှားမရှိကန်သွင်းပြီး ချေပဂိုးသွင်းယူပေးခဲ့ပါတယ်။
(၈၈)မိနစ်မှာ လူးကပ်စ်ဟာနန်ဒက်ဇ် အပိုင်ခေါင်းတိုက်ခဲ့ပေမယ့် လီဗာပူးလ်ဂိုးသမား ဒန်နီဝက်ဒ် လက်စွမ်းပြခဲ့လို့ (၁-၁)ဂိုးနဲ့ အဆုံးသတ်ခဲ့တာပါပဲ။
ပြိုင်ပွဲစည်းမျဉ်းအရ အချိန်ပိုဆက်လက်မကစားဘဲ ပယ်နယ်တီအဆုံးအဖြတ် ခံယူခဲ့ပါတယ်။
ပယ်နယ်တီအဆုံးအဖြတ်မှာ လီဗာပူးလ်အတွက် ဒုတိယမြောက်ပယ်နယ်တီကို အသင်းခေါင်းဆောင် ဟန်ဒါဆန် ၀င်အောင်မသွင်းယူနိုင်ခဲ့ဘဲ ဖေမီနို၊ အော်ရီဂီ၊ ရိုင်ယန်ကန့်နဲ့ ဂရူယစ်တို့ရဲ့ ပယ်နယ်တီ (၄)ကြိမ်သာ ဂိုးဝင်ခဲ့ပြီး
အက်သလက်တီကိုဘက်က ဂရစ်ဇ်မန်း၊ တောရက်စ်၊ ဂါဘီ၊ ဂိုင်တန်နဲ့ ဖိလစ်ပီလူးဝစ်တို့ရဲ့ ကန်သွင်းမှု (၅)ကြိမ်လုံးဂိုးဝင်ခဲ့လို့
လီဗာပူးလ်အရေးနိမ်ခဲ့တာပါပဲ။
■ ရလဒ်များ
ဘိုင်ယန်မြူးနစ် ၀-၃ လီဗာပူးလ်
နာပိုလီ ၁-၂ အက်သလက်တီကို
■ တတိယနေရာလုပွဲ
ဘိုင်ယန်မြူးနစ် ၀-၂ နာပိုလီ
■ ဗိုလ်လုပွဲ
လီဗာပူးလ် ၁-၁ အက်သလက်တီကို
(ပယ်နယ်တီတွင် ၅-၄ ဂိုးဖြင့် အက်သလက်တီကို အနိုင်ရ)
ပုံစာ - ဆုဖလားနှင့်အတူ အောင်ပွဲခံနေသည့် အက်သလက်တီကိုအသင်း၊
ပယ်နယ်တီအဆုံးအဖြတ်တွင် ရှုံးနိမ့်ပြီးနောက် တွေ့ရသည့် လီဗာပူးလ်အသင်း

Audi Cup Winner | Ecency