ဒီမှာသူငယ်ချင်း....
ငါပြောမှ..မင်းက ကိုယ့်ကိုယ်ကိုသိမှာလား... မင်းဉီးနှောက်ကို ရောင်းရင် ဈေးကောင်းရမှာ..အလွတ်ကြီးမို့ကွာ.
ဒီမှာသူငယ်ချင်း....
ငါလမ်းပြမှ..မင်းကလျှောက်မယ်တဲ့လား...
ခလေးဆိုးလိုမနွဲ့ပါနဲ့...ဝှီးချဲယူပြီးသာ
စိတ်ကြိုက်သွားတော့ကွာ...
ဒီမှာသူငယ်ချင်း...
ငါ့စိတ်ရင်းပါ...မင်းဟာ မင်းအဖေရဲ့
သန်းပေါင်းများစွာထဲက...ပထမ ရခဲ့သူပါ...
သူကြံတာထက်တော့..မြင့်မြတ်သင့်တာ...
မင်းသိဖို့ပါ.
ဒီမှာသူငယ်ချင်း....
မြန်မာနိုင်ငံအကြောင်း..သိသလောက်ရေးပါ..မင်းမေးတာ
ခက်ပီကွာ...မွေးတည်းကနေလာတာ...ဘာမှမသိတာ
သိတဲ့လူ..ပြောကြစမ်းပါ...ကမ္ဘာကိုကြေငြာ..
ဒီမှာသူငယ်ချင်း....
မင်းအကြောင်း...သတင်းကောင်းကိုသာ
ငါကြားချင်တာ....အားလုံး..သိချင်တာ
မင်းပြောမှပါ...ငါဟာ..မင်းထက်သာပြီး
ဘယ်လိုနည်းနဲ့...ပိုသိနိုင်မလည်းကွာ...
ဒီမှာသူငယ်ချင်း....
ငါ..မြန်မာပြည်အနှံ..ခရီးမဆန့်ဘူးဘူး
ကမ္ဘာ့..အနှံ့လည်း...ချေမဆန့်ဘူးဘူးလေ...
အထူးကွက်တွေနဲ့...တော့...ကွာ
်ထမင်းပျော့ပျော့..မာမာ..
ငါသာ..ငါ့မိသားစု..အားထာရာပါ..
မင်းလည်း.ဒီလိုပါ...ကွာ။
ZML..