man u new

Words
38
Reading
1 min
Listen
Play
9y

မန်ယူနဲ့ဆန်းချက်ဇ်တို့ရဲ့အပြောင်းအရွှေ့အပြီးသတ်အောင်မြင်သွားပြီ

မန်ယူအသင်းဟာအာဆင်နယ်တိုက်စစ်မှူးဆန်းချက်ဇ်ကိုအပြီးသတ်ခေါ်ယူမှုဟာအောင်မြင်စွာပြီးဆုံးသွားပြီဖြစ်ပါတယ်။ ဆန်းချက်ဇ်ရဲ့အပြောင်းအရွှေ့အတွက်စနေနေ့နံနက်ပိုင်းမှာသဘောတူညီမှုရယူပြီးညနေပိုင်းမှာဆေးစစ်မှုခံယူဖို့စီစဉ်သွားခဲ့တာဖြစ်ပါတယ်။ဆန်းချက်ဇ်ဟာမန်ယူနဲ့ ဆေးစစ်မှုခံယူဖို့ မန်ယူအသင်းရဲ့ကာရင်တန်လေ့ကျင့်ရေးကွင်းကိုထွက်ခွာသွားပြီးဖြစ်ပြီး ဆေးစစ်မှုကိုဘန်လေနဲ့ပွဲအပြီးမှာပြုလုပ်သွားမယ်လို့သိရပါတယ်။ မန်ယူအသင်းဟာဆန်းချက်ဇ်အတွက် ပြောင်းရွှေ့ကြေးပေါင် ၃၅သန်းနဲ့အတူ မီခီတာယန်နဲ့အလဲအလှယ်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ပြောင်းရွှေ့ကြေးပေါင် ၃၅သန်းမှာ အာဆင်နယ်အသင်းကိုပေါင်း သန်း ၂၀ပေးရမှာဖြစ်ပြီးကျန်တဲ့ ၁၅သန်းကို ဆန်းချက်ဇ်ရဲ့အေးဂျင့်ဖြစ်သူကိုပေးရမှာဖြစ်ပါတယ်။မန်ယူအသင်းမှာဆန်းချက်ဇ်အနေနဲ့ တစ်ပတ်လုပ်ခလစာ ပေါင် ၃၅၀၀၀၀ခွဲနဲ့အတူ ပုံရိပ်အသုံးပြုခပေါင် ၁၀၀၀၀၀နဲ့စုစုပေါင်း ၄၅၀၀၀၀ ရရှိခံစားရမှာဖြစ်တယ်လိုဗြိတိန်မီဒီယာတွေကဖော်ပြသွားခဲ့ပါတယ်။ သူ့အနေနဲ့ တစ်နှစ်လုပ်ခလစာပေါင် ၇.၅သန်းရရှိမှာလည်းဖြစ်ပါတယ်။သူ့အနေနဲ့ဆေးစစ်မှုအောင်မြင်ခဲ့မယ်ဆိုရင် အသင်းနဲ့ ၄နှစ်ခွဲစာချုပ်ချုပ်ဆိုသွားမှာဖြစ်ပါတယ်။ ဆန်းချက်ဇ်ဟာ ပြီးခဲ့တဲ့သောကြာနေ့ကအထိအာဆင်နယ်အသင်းမှာလေ့ကျင့်ခန်းဆင်းနေခဲ့ပေမယ့် အပြောင်းအရွှေ့ကိစ္စအဆုံးသတ်ဖို့ရှိတာကြောင့်လည်း ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲစဉ်လူစာရင်းမှာထည့်သွင်းမထားခဲ့တာဖြစ်တယ်လို့လည်းအာစင်ဝင်ဂါးကပြောသွားခဲ့ပါတယ်။ သူ့အနေနဲ့ အာဆင်နယ်အသင်းဖော်တွေကိုသောကြာနေ့လေ့ကျင့်ခန်းအစီအစဉ်အပြီးမှာကြိုတင်နှုတ်ဆက်ထားပြီးသားဖြစ်သလို၊ မန်ယူကွင်းလယ်လူမီခီတာယန်အနေနဲ့လည်း မန်ယူအသင်းဖော်တွေကိုဝမ်းနည်းစွာနှုတ်ဆက်သွားခဲ့ပါတယ်။FB_IMG_1516474637141.jpg

man u new | Ecency