အခုရေးသားသည့် ကြောင်းရာလေးများသည် ကျွန်ုပ်တို့ g4 လေးအတွင်းမှ အကြောင်းရာလေးများအား ဖတ်၍ဆီလျှော်ရန် ရေးသားတင်ပြခြင်း ဖြစ်ပေသည်။
ကျွန်တော်တို့ g4 လေးအတွင်း၌ သိုင်းလောကသားများစွာရှိပေ၏။
.
ပထမဆုံး မိတ်ဆက်ပေးချင်သည့် သိုင်းသမားကြီးမှာ master innwa (ခေါ်) လီရှောင်အင်း ဖြစ်ပေသည်။ ဂူးအတွင်း နှစ်ပေါင်း၃၀ ကြာအောင် မိစ္ဆာသိုင်းကျင့်စင်အား ကျင့်လာခဲ့သူတစ်ဦးဖြစ်ပေ၏။ တော်ရုံတန်ရုံနှင့် လီရှောင်အင်း၏ မူရင်းမျက်နှာအား မြင်တွေ့ရန်မလွယ်ပေ။လီရှောင်အင်းနှင့် တိုက်ခိုက်ခဲ့ကြဖူးသူများပင် သူ၏မျက်နှာအား မမြင်ဖူးကြပေ။အဘယ့်တွက်ကြောင့် တိုက်ခိုက်သူပင် မမြင်ဖူးရသနည်း။ မျက်နှာဖုံး စွပ်၍တိုက်ခိုက်၍လော။မဟုတ်ပေ။ရှင်းပြအံ့။
လီရှောင်အင်းကား မိစ္ဆာသိုင်းကျင့်စင်အား ပြီးမြောက်အောင်မြင်ထားသူ ဖြစ်၍ သူ၏ပြိုင်ဘက်များအားတိုက်ခိုက်လျှင်ပင် နောက်ကြောပေး၍်သာ တိုက်ခိုက်၏။ ထို့ကြောင့်သူနှင့်တိုက်ခိုက်ဖူးကြသူများ လီရှောင်အင်း၏ မျက်နှာမမြင်ဖူးသည်မှာမဆန်းပေ။
သူနှင့်တိုက်ခိုက်ဖူးသူဆိုလျှင် g4 အတွင်း၌ များများစားစား မရှိပေ။ လီရှောင်နှင်း တစ်ဦးသာလျှင်ရှိပေသည်။ လီရှောင်နှင်းကား မည်သူနည်း။ ရှင်းပြအံ့။
.
လီရှောင်နှင်းဆိုသည်မှာ ကျွန်တော်တို့၏ g4 sl ဖြစ်သည့် @htetwaihin ပင်တည်း။လီရှောင်နှင်းကား တခြားသိုင်းလောကအဖွဲ့စည်းများနှင့် မပတ်သတ်ပေ။တစ်ကိုယ်တော် လှုပ်ရှားတတ်သူတစ်ဦးပင်ဖြစ်လေသည်။သိုင်းလောက၌ လီရှောင်နှင်းကို နတ်မျက်စိဟူ၍လည်းခေါ်ကြပေ၏။သူကား အလွန်လျှို့ဝှက်စွာနေထိုင်တတ်သူပင်။
နတ်မျက်စိ လီရှောင်နှင်း၏ သိုင်းပညာအဆင့်တန်း မည်မျှရှိသည်ကို မည်သူမျှမသိကြပေ။ လီရှောင်နှင်း၏ အဓိကအလုပ်မှာ သတင်းရောင်းဝယ်ချင်းပင်ဖြစ်၏။ သိုင်းလောက၌ အရေးကြီးသတင်းများ လိုအပ်လျှင် လီရှောင်နှင်း စီ၌သာမေးမြန်းဝယ်ယူရပေသည်။သတင်းပေါ်မူတည်၍ sbd ဘယ်၍ဘယ်မျှ ဈေး၊အရေးကြီးသည့်သတင်းဆိုလျှင် sbd ဈေးပိုတောင်းတတ်သူ လီရှောင်နှင်း ပင်။
လီရှောင်အင်း နှင့် လီရှောင်နှင်း တိုက်ခိုက်ခဲ့ကြသည့် အကြောင်းရင်းမှာ လီရှောင်အင်းမှ၊ သူ၏ ချစ်လှစွာသောလေဒီ မဖဲဝါ၏ သတင်းအစအနလေးပင် ရလိုရငြား နတ်မျက်စိ လီရှောင်နှင်းထံ သတင်းဝယ်ယူရာမှ အစပြုလေ၏။
မိစ္ဆာသိုင်းသမားကြီး လီရှောင်အင်းမှ"ဒီမယ် နတ်မျက်စိ မင်းနဲ့ငါဟာ တရပ်ကွက်ထဲသားတွေပါကွာ ဒီသတင်းလေးနဲ့တော့ sbd မတောင်းသင့်ပါဘူး" ဟု ဒေါသသံတို့ပင်ပါလာပေ၏။ "ဟာ ဖြစ်မလားဗျ တရပ်ကွက်ထဲသားတွေမကလို့ တစ်အိမ်ထဲအတူနေနေ စီးပွားရေး ကစီးပွားရေးဘဲ။ကျုပ်ရှင်းရှင်းဘဲပြောမယ် 5sbd ရရင်ပြောပြမယ်၊မရရင် လုံးဝမပြောနိုင်ဘူး ဒါဘဲ" ဤသို့တစ်ဦးနှင့်တစ်ဦး ကက်ကက်လန် ရန်တွေ့နေကြပေတော့သည်။ ထို့သို့စကားများကြရာမှစတင်၍ တိုက်ခိုက်ရန်ထိ စိန်ခေါ်တိုက်ခိုက်ခဲ့ကြခြင်းပင်။ မိစ္ဆာသိုင်းသမားကြီး လီရှောင်းရှင်းကား သူပုံစံအတိုင်ပင် နောက်ကြောပေးလျှက်သာ တိုက်ခိုက်၍ နတ်မျက်စိ လီရှောင်နှင်းကား ယောင်းမကြီး ကိုင်ဆွဲကာတိုက်ခိုက်လေ၏။နတ်မျက်စိခများ ထမင်းချက်နေရင်း တိုက်ခိုက်ရ၍ ဖြစ်ပေလိမ့်မည်။ရှိစေတော့။
အပြန်ပြန်အလှန်လှန် တိုက်ခိုက်နေချိန်၊ မိစ္ဆာသိုင်းသမားကြီး လီရှောင်အင်း၏ ပုလင်းသောက်ညီအကို ကိုဇာမဏီ(ခေါ်)လျိုရှောက်ဇာ ရှောက်ရှိလာပေ၏။(မှတ်ချက် တချို့က သွေးသောက်ညီအကိုဖွဲ့ကြသော်လည်း သွေးရောက်လျှင်ညှီသည်
ဟုဆိုကာ ပုလင်းသောက်ညီအကို ဖွဲ့ခြင်းဖြစ်ပေသည်။)
.
စိတ်ထားကောင်းသူပီပီ တစ်ရပ်ကွပ်ထဲသားချင်းတွေ ပြသနာ အကျယ်အကျယ် မဖြစ်စေရန် ဝင်ရောက်ပြန်ဖြေပေးရှာလေသည်။ သူခများ ဟိုဘက်ပြေးဆွဲ၍သော်လည်းကောင်း၊ဒီဘက်ပြေးတား၍သော်လည်းကောင်း ဆပ်ပြာသည်လင်ပျောက်သည့်ပမာပင်။ လျိုရှောက်ဇာ ၏ ပြန်ဖြေမှုကြောင့်ပင် နှစ်ဦးသား ပြေလည်မှုရရှိခဲ့ကြပေ၏။
.အပိုင်း၂ အားဆက်၍ဖတ်ရှုပေးပါရန်
photo credit:facebook
Msc no 179
@aunggyi100
Myanmar Steemit မိသားစုဝင်အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ