မင်းရဲ့ အားနည်းချက်

Words
46
Reading
1 min
Listen
Play
9y

ငါ့ရဲ့ အဓိက အားနည်းချက်က ကျရာ အာရုံမှာ ကျက်စားလေ့ရှိပြီး အဲဒီအာရုံကနေ လွန်မြောက်ဖို့ စိတ်ခွန်အား ကြီးကြီးမားမား မရှိသေးတာပဲ။ရှေ့က ခွေးတစ်ကောင် ဖြတ်သွားရင် အဲဒီခွေးအပေါ် အာရုံ ရောက်သွားတယ်။

အဲဒီကနေ မနေ့တစ်နေ့က အိမ်ရှေ့မှာ ကြောင်တစ်ကောင်ကို ခွေးနှစ်ကောင် ဝိုင်းကိုက်တဲ့ အဖြစ်အပျက်ကို ရောက်သွားတယ်။အဲဒီကနေ ဆေးခန်းသွားပြရင်းက ဆရာဝန်မရဲ့ စကားပြောရင် အသံတိုးတိုးနဲ့ မကြားရတဲ့ အကြောင်း တွေးမိပြန်တယ်။

တစ်ခုပြီးတစ်ခုဆက်လို့ပါပဲ။ငါ့ရဲ့ ခံစားချက်တွေက အမျိုးမျိုးသော အာရုံတွေ အပေါ်မူတည်ပြီး အမျိုးမျိုး ပြောင်းလဲနေတယ် ။တစ်ကယ်တော့ ငါဟာ လွှမ်းမိုးခံနေရတာပဲ ။ငါ့ဟာငါ မပိုင်ဘူး ဖြစ်နေတာကိုး ။အဲဒါ အားနည်းချက်ကြီးတစ်ခုပါပဲ။

photo-1501884428012-aa321a256730.jpg

မင်းရဲ့ အားနည်းချက် | Ecency