Vivo V9 Specifications များ ပေါက်ကြားလာ

arrwoot(37)
Published in
#vivo
Words
255
Reading
2 min
Listen
Play
8y

Vivo ကတော့ အခုဆို နောက်ဆုံး MWC (Mobile World Congress) မှာ ပြလိုက်တဲ့ Vivo Apex ကြောင့် company နာမည် ပိုတက်လာခဲ့ပြီး ခုဆိုရင်လည်း Vivo V9 ရဲ့ specifications ကို လူအများ စိတ်ဝင်စားခဲ့ကြပါတယ်. Vivo Apex ဆိုတာ MCW မှာ Concept အနေနဲ့ သာ ပြသပြီး လူကြိုက်များသောကြောင့် ခုဆို ဖုန်း Model တခုအဖြစ် ထုတ်လုပ်ရောင်းချမယ်လို့ ကြေငြာလိုက်ပါဘီ. ကဲ ကျွန်တော် တို့ Vivo V9 ရဲ့ ပေါက်ကြားလာတဲ့ Specifications လေး တွေ ကို ကြည့်ရအောင်ဗျာ. Vivo V9 ဟာ Snapdragon 626 chipset ကို အသုံး ပြီးမှာ ဖြစ်ပြီး RAM ကို တော့ 4 GB သုံးထားမှာပါ. သူ့ Sim Slot ကတော့ အရင်တခြား ဖုန်းတွေ မှာလို မဟုတ်ပဲ Slot ၃ ခုနဲ့ပါတဲ့ ခင်ဗျ. ၁ ခု က မီးထွန်း ဖို့ ကျန် ၂ ခု က ကဲ့ဆဲ့ဖွင့်ဖို့. ဟီဟီ နောက်တာ. Sim card ၂ ကဒ်နဲ့ SD Card ၁ ကဒ် အတွက် Slot ပါဆိုတော့ မျှော်လင့်နေတာလေး ပါလာတာပေါ့. သူ့ Display Type ကတော့ IPS touchscreen သုံးထားမှာ ဖြစ်ပြီး resolution ကတော့ 2280x1080 ဖြစ်ပါတယ်.ပြီးတော့ IPhone X လို အပေါ်မှာ Notch လေး ပါဝင်မှာ ဖြစ်ပြီး display က 19:3 6.3 inches နဲ့ ဆိုတော့ ရှည်ရှည်ကြီးကြီး ပေါ့. ဟီဟီ.
ကင်မရာ ပိုင်းအနေနဲ့ အနောက် ကင်မရာ က 16 MP + 5MP ကင်မရာ ၂ လုံးတတ်ဆင်ထားမှာ ဖြစ်ပြီး အရှေ့ Selfie Camera ကတော့ 24 MP ပါတဲ့. AR stickers တွေ Gender Detection တွေ HDR တွေ support ပေးမှာ ပါတဲ့.
ဖုန်း Operating System ကိုတော့ Android 8.1 Oreo ကို အခြေခံထားတဲ့ Funtouch custom OS 4.0 ကို သုံးထားပါတယ်. Battery ကတော့ 3260 mAh ပါဝင်မှာ ဖြစ်ပြီး 150g အလေးချိန်ရှိမှာပါ. Body ကိုတော့ Metal Unibody ဖြစ်ပြီး အနက်ရောင် နှင့် ရွှေရောင်ဆိုပြီး ၂ မျိုး ထွက်ရှိလာမှာ ပါ. ဒီ Vivo V9 ကိုတော့ 2018 March 23 ထွက်ရှိလာမယ် လို့ မှန်းထားပါကြောင်း သတင်းကောင်း ပါးလိုက်ပါတယ် ဗျို့…. အရင်ဆို ကျွန်တော် Vivo ကို သိပ်စိတ်မ၀င်စားဘူးဗျ. ဟို၁လော တုန်းက ညီမ ၁ ယောက် Vivo V7 plus လေးကိုင်ကြည့် သုံးကြည့်မှ ၀ိုး မဆိုးဝူးနော်.သူ့ OS လေးက လည်း သွက် Build Quality လေးက လည်း Good လို့ သဘောကျတဲ့ Brand ထဲ ၀င်လာတာပါ. ဟုတ်ကဲ့ မင်ဂလာပါ ချစ်သူငယ်ချင်းတို့. 180314-vivo-v9-notch-smartphone-01.jpg
Source from Gsmarena and photo from google.com

Vivo V9 Specifications များ ပေါက်ကြားလာ | Ecency