ခရစ်တို လောက သွေးများ ပွက်ခြင်း

Words
194
Reading
1 min
Listen
Play
8y

Crypto bleeding ဗျာ . ပြီးခဲ့တဲ့ Jan 16 က စပြီး rumors တွေ ထွက်လိုက်. Manipulation တွေ အလုပ်ခံရလိုက် နဲ့. သတင်းတွေ တက်တာတွေ. Volatility ကလည်း ရက်စက်တယ်. မျက်ရည်ပါထွက်တယ်. ၁၀ မိနစ် အတွင်း ကို ၁ ကွိုင်ကို ၅ ရာခိုင်နှုန်း လောက် ခုန်တက် သို့မဟုတ် ကျ သွားနိုင်တယ်. ခုဆို Coin အားလုံးနီးပါး January 16 မတိုင်ခင် Price ထက် ၅၀ ရာခိုင်နှုန်းကနေ ၅၅ ရာခိုင်နှုန်း အထိ ကျသွားတာ တွေ့ရတယ်. ခုတခေါက် ထပ်ကျတာက လည်း Google က Crypto ads တွေ ပိတ်မယ်ဆိုပြီး ထွက်လာ လို့ ကျတာတဲ့. ကျွန်တော် အမြင် အနေနဲ့ ဆိုရင် Blogchain Technology ကို ယုံကြည်မှုရှိတယ်. ဒါဟာ Future technology ဖြစ်လာမယ် လို့ ကို ယုံကြည်တယ်. ဒါပေမယ့် အခု ထိ လက်တွေ ကျကျ အသုံး ပြုမှု တွေ နဲနေလို့ Volatility ရှိနေတယ်လို့ မြင်တယ် ဗျာ. ဘာလို့ လဲ ဆိုတော့ Market မှာ ၀ယ်လို အားက တကယ် အသုံး ပြုဖို့ အတွက် ၀ယ်လို အားရှိနေတာ မဟုတ်ပဲ ၀ယ် ပြီး Invest လုပ်ထား ဖို့ အတွက် ပဲ ဆိုတော့ ဟို သတင်းကြားလိုက် ကြောက်ပြီး ရောင်းလိုက် ဒီက သတင်း လွင့်လိုက် ကြောက်ပြီး ရောင်းကြနဲ့ ကျွန်တော်တို့ မြန်မာပြည် က အိမ်ခြံမြေ ဇေကွက် လိုကို ဖြစ်နေတာ. ဆိုတော့ Crypto Market ကြီး က ပူပေါင်းလို လဲ ပေါက်သွားနိုင်သလို ပိုပြီး အများကြီး လည်း တိုးတက်လာနိုင်ပါတယ်. ကျွန်တော် သူငယ်ချင်း တွေ ကို ဒီ Post ဖတ်ပြီး အခုမှ Crypto လောက ထဲ ၀င်လာ မယ့် သူ ရှိရင် အကြမ်းဖျင်းလေး နားလည် သွားရအောင် ရည်ရွယ်ပါတယ်. ကျန်တာကတော့ ကိုယ့် ဆုံးဖြတ်ချက် ကိုယ်ယုံကြည်ချက် နဲ့ သာ ဆက်လက် လျှောက်လှမ်းစေချင်ကြောင်း. ကျွန်တော် ကြားဖူး တဲ့ စကား ပါ သဘောကျလို့. "Don't invest what you cannot afford to loose." လို့သာ အကြံပေးချင်ပါကြောင်း သူငယ်ချင်းတို့ ရေ... ဒီစာကို စိတ်ဓာတ်ကျစွာ ရေးသားပါတယ်. :D Have a great day friends.

ခရစ်တို လောက သွေးများ ပွက်ခြင်း | Ecency