Huawei P20 Geekbench score များ ထွက်ပေါ်လာ

arrwoot(37)
Published in
#huawei
Words
162
Reading
1 min
Listen
Play
9y

ဒီနေ့ပဲ Huawei မှ Emily လို့ အမည်ပေးထားသော Huawei P20 ရဲ့ Geekbench score တွေ ထွက်ပေါ်လာခဲ့ ပါတယ်. P20 မှာ Huawei ကိုယ်ပိုင်ထုတ် Chipset ဖြစ်သော Kirin 970 chipset သုံးထားမှာ ဖြစ်ပြီး Android Version 8.1 Oreo နဲ့ ထွက်လာမှာ ဖြစ်ပါတယ်. Ram အနေနဲ့ က တော့ 4GB နဲ့ ထွက်လာမယ် လို့ ပြောထားပါတယ်. ဒါပေမယ့် ခု လို 2018 မှာ RAM 4 GB ဆိုတာ Flagship ၁လုံး အတွက် အတော် ပင်နဲပါတယ်. ဒါကလည်း P20 light version အတွက်လည်း ဖြစ်နိုင်ပါတယ်.
ဘာပဲပြောပြော Kirin Chipset 970 ကတော့ 64 bit technology ဖြစ်ပြီး Camera အတွက် AI enhanced Dual Camera ကင်မရာ ၂ လုံး သုံးထားမှာ ပါ. ကင်မရာ ၃ လုံးလို့ လည်း ကောလဟာလ တွေ ထွက်ထားပြီး ပေမယ့် ဒါဟာ Huawei P20 Pro model အတွက်လည်း ဖြစ်နိုင်ပါတယ်.
HUawei-P20-Geekbench.png
Huawei P20 ကိုတော့ ပြင်သစ်နိုင်ငံ Paris တွင် မတ်လ ၂၇ ရက်နေ့မှာ ပြသမယ်လို့ ခန့်မှန်းကြပါတယ်. Price အသံတွေ တော့ မထွက်သေးပါဘူး. ခန်းမှန်း ခြေ ဖြစ်နိုင်တာတော့ Euro 670 ဆိုတော့ အခု ရေနေချိန် ဆို မြန်မာငွေ 900000 လောက် ပေါက်မှာ ပါ. huawei phone တွေ လည်း အရင်စစချင်း ထွက်တုန်း က Budget အနေနဲ့ သာ ထွက်ခဲ့ ပြီး နောက်ပိုင်းမှ သာ premium model အနေ နဲ့ P series ကို စ တင် ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်. အားပေးမှု အတွက် ကျေးဇူးတင်ပါတယ် သူငယ်ချင်း တို့.
Source from Gsmarena and photo from google.

Huawei P20 Geekbench score များ ထွက်ပေါ်လာ | Ecency