ဒီနေ့တော့ ဂိမ်းအကြောင်း မဖေါတော့ဘူး နည်းနည်းလောက် ဖီးကြည့်မယ်လေနော့
သို့သော် သူ၏ ခံစားချက်သည် ကြေကွဲခြင်းထက် မပိုလွန်ခဲ့ပါ။ လွမ်းဆွတ်ခြင်းထက် မပိုလွန် ခဲ့ပါ။
လွမ်းဆွတ်ကြေကွဲခြင်းဟူသော စကားလုံးတွင် သူ၏ ခံစားချက်အားလုံး ပြည့်စုံခဲ့ပြီဖြစ်ပါလိမ့်မယ်ထိုကာလမှ ပြန်လည်
တွက်စစ်ကြည့်လျှင် အတော်အတန် လှမ်းနေပြီဖြစ်သည့် အနာဂတ်ကာလတစ်ခုတွင်လည်း သူသည် ထိုသို့ ကြေကွဲ
လွမ်းဆွတ်ခြင်းကို ခံစားနေရဆဲလို့ နားလည်လာမိပါတယ် ဟုတ်ကောဟုတ်ပါ့မလား သံသယတော့ မ၀င်ပါဘူး
သူသည် သူမကို ချစ်သည်။ အဆိုပါဝါကျသည် ပြီးပြည့်စုံသော ၀ါကျတစ်ကြောင်းသာ ဖြစ်ပါသည်။ သူသည် သူမကို ချစ်ခဲ့သည်၊ တကယ်လည်း ချစ်ခဲ့တာပါဘဲ
သို့မဟုတ် ချစ်နေဆဲဖြစ်သည်၊ သို့မဟုတ် ထာဝရချစ်နေလိမ့်ဦးမည်ဟု Tense များ ခွဲခြားရေးသားစရာ မလိုအပ်သော သူ့အတိုင်းတိုင်း ပြီးပြည့်စုံနေသည့်
ဝါကျတစ်ခုသာ ဖြစ်ပါသည်။ ဒီဝါကျအတွက် ဘယ်သူ့မှာ တာဝန်အရှိဆုံးလဲ နောက်ဆုံးတော့လဲ သူသာ တကယ် ချစ်တက်သူဖြစ်နေပါရောလား
Photo Credit : https://steemmonsters.com/#
Author : @arrowqueen