ဘ၀လမ်းတစ်လျှောက် ကူရာကယ်ရာမဲ့လို့နေခဲ့ပါသော်လည်း အသက်ရှုမှုလေး
တစ်ခု အသက်ရှင်ခွင့်လေးတစ်ခုအတွက် ရုန်းကန်ရင်ဆိုင်ခဲ့ရတယ်
ညှာတာသနားခြင်း ထောက်ထားစာနာခြင်းတွေ ကင်းဝေးရာနယ်မြေမှာ
ဘယ်သူမှ အကူအညီမပေးလည်း ကိုယ့်အတွက် ကိုယ်သာ တာဝန်ရှိသူမို့
ဘယ်သူ့မှ အပြစ်မဖို့ချင်ပါဘူး သေချာပါတယ် အသက်ရှင်သန်ခွင့်လေးအတွက်
ဆက်လုန် ကူးခက်နေရဦးမယ်လေ ဒီနေ့အတွက် အခက်အခဲတွေက မနေ့က
လိုပါဘဲ မနက်ဖန်လည်း ဒီလို ခက်ခဲနေမယ် ကြာတော့ ကျင့်သားတောင်ရလို့
နေခဲ့ပါပြီ လောကဓံကို ရင်ဆိုင်ရာမှာဘာမထီတဲ့ သံမဏိစိတ်ဓါတ်နဲ့
အရာရာကို ကျော်ဖြတ်နေပါပြီ အသက်ရှင်ခွင့်လေးရချင်တာ တစ်ခုပါဘဲ
@arrowqueen
photo-google image