ဟယ် ဖွလွဲပါစေဖယ်ပါစေ ဘယ်ကသရဲတွေ့ရမှာလဲ သရဲတွေ့ရင် ခုလောက်ဆို ကြောက်လို့ငါအသက်ထွက်နေတာ
ကြာလောက်ပြီ အိမ်တွေကြားကနေဖြတ်သွားရတာပါ အဲ့ဒါလမ်းမှာ အသုဘအိမ်တစ်အိမ်တွေ့ခဲ့တယ်
သေတဲ့သူကလည်းငါတို့အသိလေဟာ။ဟိုအရက်သမားကြီးပေါ့ မူးလာရင် တွေ့သမျှလူလိုက်ပြီးရန်တွေ့တက်တဲ့သူ ခုတော့သေပြီလေ စိတ်မကောင်းတော့ဖြစ်မိတယ်ဟာ သူ့မှာ သားလေး
တစ်ယောက်ရှိတယ် ကလေးလေးက ခုမှသူငယ်တန်းတက်နေတုန်း ငိုနေလိုက်တာဟာ သူ့အဖေကိုသူချစ်ရှာမှာပေါ့
ငါလဲ အဲ့နားကဖြတ်အလာ ကလေးငိုနေတာလှမ်းကြည့်ပြီးရင် ထဲကိုဆို့တက်လာတာပါဘဲဟာ
စိတ်မထိန်းနိုင်လို့ မျက်ရည်တောင်စို့မိတယ် မိဘဆိုတာ ဘယ်လိုလူစားဖြစ်နေပါစေ သားသမီးအတွက်တော့
အားကိုးရာမြင့်မိုတောင်ကြီးဆိုတာ ငါသိလိုက်တယ်ဟာ
Author : @arrowqueen
Photos credit; Google Image