တက်နိုင်သမျှ မြန်မြန်လေးသွားကြည့်နေမိပါတယ် သိပ်တော့ မထူးခြားသေးပါဘူး သူများတွေက
ဖြည်းဖြည်းသွားနေတော့ ကိုယ့်ထက် ခြေလှမ်းသွက်သူ သိပ်မတွေ့သေးဘူး ကိုယ့်မှာရှိတာလေးနဲ့
ဘယ်လောက်ထိ ရောက်နိုင်မလဲဆိုတာ သိချင်လေ ဒါကြောင့် ခပ်သွက်သွက်လေး လျှောက်ကြည့်မိတယ်
အစပိုင်းဆိုတော့ လူတွေက သိပ်မလုပ်ကြသေးဘူး အလယ်ပိုင်းလောက်ရောက်မှ သူတို့က တက်တက်
ကြွကြွနဲ့ ချကြမယ်ထင်တယ် အခုတော့ တိုက်ရခိုက်ရတာ နဲနဲလွယ်နေသလားဘဲ
ကိုယ့်ထက်အားနည်းတဲ့သူတွေ များနေတာလည်း ဖြစ်နိုင်တယ် အားသာတဲ့သူတွေကိုတော့
မော်တောင်မကြည့်ရဲပါဘူး သူတို့နဲ့တွေ့ရင် ပြာကျပြီး ပြန်လာရတော့တာလေ
ဆုတောင်းပြီး ကစားနေရတယ် အားကြီးတဲ့သူတွေ ရှေ့ကိုမြန်မြန်သွားကြပါနော်
သူများက အားနည်းတော့ မတွေ့ချင်ပါဘူး ခဏခဏရှုံးနေတော့ စိတ်ပျက်သွားမှာစိုးလို့ပါနော်
Photo Credit : https://steemmonsters.com/#
Author : @arrowqueen