အခုတလောနှာတွေချေပြီး လည်ချောင်းနာတာ ချောင်းဆိုးတာတွေဖြစ်နေမိသလား သေချာပါတယ် ဖြစ်နေတယ်ဆိုရင်
ဒါတွေက အအေးမိဖျားနာတာတွေရဲ့
အစောပိုင်းလက္ခဏာတွေပြလို့နေတာပါ ဒီလိုလက္ခဏာတွေဖြစ်တာက ရာသီဥတုအေးတာကြောင့်လို့ထင်စရာရှိပါတယ်
လူကြီးမိဘတွေကလည်း လေစိမ်းတွေ အတိုက်မခံနဲ့ အအေးမိလိမ့်မယ်နော် ရင်ဘက်ကိုအအေးမခံနဲ့ အအေးမိလိမ့်မယ်ဆိုတာမျိုးတွေ
မကြာခဏကြားဖူးပါလေသည် တကယ်လို့ နေမကောင်းရင် ဖျားနာနေရင် အအေးမခံဖို့ ရေမချိုးဖို့အစရှိတာတွေလည်း တားမြစ်တာခံဖူးမှာပေါ့။
ဖျားနာတာရဲ့ နာမည်ကိုယ်တိုင်ကလည်း အအေးမိ ဖြစ်နေတော့ နေမကောင်းတာ ဖျားနာတာဟာ ရာသီဥတုအေးတာကြောင့်လို့
ထင်ကြတာ အလွန်တော့မဟုတ်နိုင်ပါ တကယ်လည်း အပြင်မှာအေးလာရင် ဖျားနာတက်တယ်လေ
အသေချာဆုံးနဲ့ အတိုဆုံးအဖြေကတော့ ရာသီဥတုအေးတာကြောင့် အအေးမိဖျားနာဖြစ်တာမဟုတ်ပါဘူးနော်
အအေးမိဖျားနာဖြစ်ရတဲ့အကြောင်းအရင်းက တကယ်တော့လေ
တစ်ခုတည်းဖြစ်ပါတယ် ဒါကတော့ ဗိုင်းရပ်စ်တစ်မျိုးမျိုးနဲ့ထိတွေ့မိတာကြောင့်ဖြစ်ပါတယ် အေးနေတဲ့ရာသီဥတုအခြေအနေက
ပန်းနာရင်ကျပ်လိုမျိုးအခြေအနေတွေကို ပိုဆိုးသွားစေနိုင်တာ အသေအချာပါပလေနော် ဒါပေမယ့် သာမန်ဖျားနာတာတွေနဲ့ရာသီဥတု
အပြောင်းအလဲကြောင့်ဖြစ်တဲ့ တုပ်ကွေးရောဂါတွေက ဗိုင်းရပ်စ်ကြောင့်ဖြစ်ရတာပါ ဒါကို လူတွေက သိပ်မသိကြဘူးလေ
လည်ချောင်းနာတာ၊နှာစေးတာ၊ ရင်ပြည့်တာ
နဲ့ ချောင်းဆိုးတာတွေကိုတော့ ဆေးဆိုင်တွေမှာ အလွယ်တကူဝယ်ယူလို့ရတဲ့ဆေးတွေ သောက်သုံးရုံနဲ့ပျောက်ကင်းနိုင်ပါလေသည်
သာမန်ဖျားနာတာမျိုးက များသောအားဖြင့် သိပ်မပြင်းထန်တတ်ပေမယ့် ရောဂါလက္ခဏာတွေအားလုံးပျောက်ကင်းဖို့ဆိုရင် အချိန်
တစ်ပတ်ကနေနှစ်ပတ်လောက် အထိကြာမြင့်နိုင်ပါလေသည် စိတ်ပူစရာမလိုပါ ဒါပေမယ့် နေမကောင်းဖြစ်တဲ့အခါ အဖျားတက်တာ၊ခေါင်းကိုက်တာ
ကြွက်သားတွေ နာကျင်တာမျိုးဖြစ်လာမယ်ဆိုရင်တော့ သာမန်အဖျားမဟုတ်တော့ပါဘူးလေနော် အမှန်တကယ်တုပ်ကွေးဖြစ်နေတာပါ။
ဒီလိုအခြေအနေမျိုးမှာတော့ ဆရာဝန်နဲ့ပြသပြီး ကုသမှုခံယူဖို့လိုအပ်ပါတယ် ဒီအတိုင်းနေလည်း ပျောက်ကင်းသွားတက်ပါတယ်
အဖျားရက်ရှည်တာတော့ ဖြစ်တက်ပါတယ်
@arrowqueen
photo-google image