ချစ်သူ
ဝေးကွားခြင်းအခြေအနေက
ခဏတာပဲလား......?
ဒါမှမဟုတ် ဆုံမှတ်တွေလွဲနေတဲ့ အခိုက်အတန့်ပဲလား....?
ငါ့ရင်ခွင်ထဲ
အပြီးအပိုင်ထွက်ခွာသွားတာလား.....?
လမ်းခွဲစကားမပြော
မုန်းတဲ့စကားမပြော
ဘာအကြောင်းပြချက်မှမပေးပဲ
ထွက်ခွာသွားတဲ့နင့်ကို
အနာအကျင်မရှိ
ငါမျော်လင့်နေတုန်းပါ....
နင်မရှိတော့တဲ့ငါရင်ခွင်ကို
အခုအချိန်ထဲ ဘယ်သူ့ကိုမှ
အစားမထိုးတာနင်သိလား....?
တစ်နေ့နင်ပြန်လာခဲ့ရင်
အနာအကျင်မရှိ
ငါ့ရင်ခွင် နင့်အတွက်အဆင်သင့်ပါပဲ ချစ်သူ