ဒီမြို့လေးက ရှမ်းပြည်တောင်ပိုင်းရဲ့အစွန်ဆုံးမြို့ငယ်လေးဖြစ်ပြီး ရှမ်းကယားနယ်စပ် အရှေ့ဘက်အင်းရေပြင် အနောက်ဘက်တောင်တန်းကြီးရဲ့အလယ် ဆေးချယ်ထားသလို သက်ဝင်တဲ့မြို့လေးဖြစ်ပါသည်ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေနှစ်ထောင့်ကိုးရာငါးဆယ် ရှိပြီး အပူချိန်တင့်သင့်မျှတတဲ့တောင်ပေါ်ဒေသ မျိုးနွယ်စုများစွာနေထိုင်တဲ့မြို့လေးလည်းဖြစ်လေသည်
လှပတဲ့မျက်နှာစာအလှကတော့ အင်းရေပြင်ကြီးဖြစ်သည်ကနဦးက ချောင်းရိုးလေးတစ်ခုသာဖြစ်ပြီး ရေလွဲမြောင်းပိတ်ခြင်းလုပ်ငန်းတွေကြောင့် အင်းရေပြင်ကြီးဖြစ်လာလေတော့၏ရေတံခါးကို ဖယ်ခုံမြို့နယ် မိုးဗြဲကျေးရွာအနီးမှာတစ်ထောင့်ကိုးရာခြောက်ဆယ့်ရှစ်ခုနှစ် စတင်တည်ဆောက်ခဲ့ပြီး တစ်ထောင့်ကိုးရာခုနှစ်ဆယ်မှာ ပြီးစီးခဲ့တယ်လို့သိရပါလေသည်အင်းလေးနှင့်ဖယ်ခုံလွိုင်ကော် ရေကြောင်းခရီးနဲ့တသွယ် အောင်ပန်းလမ်းခွဲမှ ဖယ်ခုံနဲ့လွိုင်ကော် ကားဖြင့်တထောက် ကြုံရင်နားကြပါအုံးလို့ ထပ်မံဖိတ်ခေါ်ပါလေသည်လူတွေအများစုနေထိုင်တာကတော့ ကယန်းလူမျိုးနဲ့ရှမ်းလူမျိုးနဲ့အင်းသားလူမျိုး လူနည်းစုကတော့ ဗမာရယ်ကယားရယ်ပအိုဝ့်ရယ်ခါရယ်ချင်းရယ်လီဆူးနဲ့ကုလား ရယ်တို့ပဲဖြစ်ပါလေသည်
လူမျိုးစုံလို့ လူမူရေးနှင့်ဘာသာရေး ဆူပူလိမ့်မယ်လို့မတွေးစေချင်ဘူးလေရဲရဲကြီးကိုကြွားပါရစေလို့ပြောပါသည်အေးချမ်းမူတွေများစွာ ပိုင်ဆိုင်တဲ့မြို့လေးဖြစ်ပါလေသည် ကိုးကွယ်မူတွေက ဗုဒ္ဓနဲ့ခရစ်ယာန်ကက်သလစ်နှစ်ခြင်းရိုးရာကိုးကွယ်မူတွေလည်း အနည်းစုရှိကြပါလေသည်ဒီနေရာမှာမပြောမဖြစ်ပြောပြရမှာက မြင်တွေ့နေရတဲ့အင်းရေကြီးအကြောင်းဖြစ်ပါသည်ဘီလူးချောင်းရယ်
ဘီလူးချောင်းရဲ့သမိုင်းအကျဉ်းရယ်ပေါ့သမိုင်းအချို့ကိုနောက်ပြန်လှန်ရရင် တောထွက်ကစားတဲ့ဘုရင်နဲ့ လူယောင်ဆောင်ထားတဲ့ ဘီလူမတို့တွေ့ဆုံခဲ့ရာမှ ချစ်ခင်စုံမက်ခဲ့ကြပြီး မိဖုရားအဖြစ်တော်ကောက်ခြင်းခံခဲ့ရတယ်လို့ဆိုကြသည်နှစ်တွေကြာလာတာနဲ့အမျှ မိဖုရားရဲ့သရုပ်မှန်ကို သိခဲ့ရလို့ အန္တရယ်တွေ ကြိုတွေးတဲ့ ဘုရင်ကတောင်စွယ် နေကွယ်မှာသတ်စေဆိုပြီး အမိန့်ပေးခဲ့ပါလေသည်အချစ်အမျက်ကြီးတဲ့ ဘီလူးမက မသေခင်ကျိန်စာတိုက်ဆိုခဲ့ပြန်လေသည်သူမသေဆုံးခဲ့လျှင်ကြီးမားသောကျောက်ရုပ်ကြီးဖြစ်ပါစေလို့ဆုတောင်းခဲ့သည်သူမ၏ ကျင်ငယ်ရေသည် ချောင်းအဖြစ်စီးဆင်းပြီး လူတွေထာဝရသောက်သုံးနိုင်ပါစေလို့ဆိုခဲ့သည်အကြင်နာတရားကင်းသော ယောကျာင်္းလေးများ ချောင်းအတွင်းနှစ်မြုပ်ဝါးမျိုပါစေတဲ့လို့ ကျိန်စာတိုက်ဆိုခဲ့ပါလေသည်ဒါဟာ ဘီလူးချောင်းရဲ့ ပုံပြင်တပုဒ်ဆိုပါလေသည်သမိုင်းဟာသမိုင်း လက်ရှိမှာ မြင်တွေ့နေရသလို လှပတဲ့အင်းရေပြင်ကျယ်ကြီး ဖြစ်နေတာတွေ့ကြရပါမည်
@arrowqueen