သားရေအဖေသားကိုသားမြင်ရမယ့်အချက်တွေပြောပြမယ်... သားမိဘတွေက သားကို စာတတ်စေချင်တယ်ဆိုတာကို နားလည်ရမယ် ယုံကြည်ရမယ် သားကိုယ်တိုင်လည်း စာတတ်ရမယ် လို့ ယုံကြည်ကြိုးစားရမယ်... ဒါပေမယ့်ဘယ်ကျောင်းသားကမှ ကျောင်းတတ်ရတာကို အပြည့်အဝ မပျော်ကြဘူး... အပြည့်အဝမပျော်ဘူးဆိုတာက ကျောင်းဖွင့်လျှက်နဲ့  ကျောင်းမတတ်ချင်တဲ့စိတ်မျိုး ဘဘတို့ ငယ်ငယ်ကလည်း ဖြစ်ဖူးတယ် ဆရာတွေစာမသင်နိုင်ပဲ အစည်းအဝေးလုပ်တဲ့အခါပျော်တယ်လေ
ကျောင်းပြေးချင်တဲ့စိတ် စာသင်ရမှာ ပျင်းတဲ့စိတ်ဟာ သဘာဝဆိုပေမယ့် အမှန်တရားတော့မဟုတ်ဘူးလေ
လောကကို စည်းကမ်းဥပဒေက အုပ်ချုပ်တယ်.လေ.. ကျောင်းပြေးခြင်းဟာ စည်းကမ်းဖောက်ဖျက်ခြင်းပဲပေါ့
ကျောင်းတစ်ရက်ပြေးရင် ကျောင်းက သင်ပေးတဲ့ တစ်ရက်စာအသိပညာကို သားဆုံးရှုံး ရမယ် ကျောင်းတတ်ပါဆိုတဲ့ မိဘဆန္ဒကို လွန်ဆန်ရာရောက်တယ်လေ
ဒါကြောင့်ကျောင်းသားတစ်ယောက် ကျောင်းပြေးခြင်းဟာ ကြီးတဲ့အပြစ်ပဲဖြစ်တယ်သား