အားလုံးအတွီက်နောက်ပြီးမင်းက လုပ်ချင်ရာလုပ်ခဲ့ပြီးမှ အိမ်အပြန်ခြေလှမ်းတွေမှာ ကြောက်ရွံ့ ခြင်းတွေ ဘယ်လောက်တောင် ခိုတွဲနေလဲပြောစမ်းပါငါသိတယ် အဲ့ညနေက မင်းကြောက်နေတယ်ဆိုတာကိုကိုယ့်ကို နာအောင်လုပ်သူကို မုန်းတီးတတ်တာ သဘာဝပဲနဲ့များမတတ်သာလို့  ငြိမ်ခံကောင်းခံမယ်အဖေမို့ အမေမို့ ရယ်လို့  မရှိဘူးအဲ့ဒိအခိုက်အတန့် မှာ ဖြစ်နေတဲ့ စိတ်တွေက ကြောက်ရွံ့ ခြင်း နာကျင်ခြင်း မုန်းတီးခြင်းတွေပဲလေဘယ်လောက်ပဲ အချိုတွေကျွေးခဲ့ ကျွေးခဲ့လဲငြု ပ်သီးကျွေးတဲ့အခိုက်အတန့် မှာ စပ်မယ် တမာသီးကျွေးရင် ခါးမယ်လေဒါဟာ သဘာဝပဲမလား ရက်မကြာခင်မှာ အရည်ပြားပေါ်က နာကျင်ခြင်းတွေက ပျောက်သွားမယ်
တကယ်တော့ ပျောက်သွားတာမဟုတ်ဘူး နှလုံးသားထဲကို စိမ့်ဝင်သွားတာလေအဖေပေးတဲ့ ရောဂါပိုးတွေဟာ မင်းဆီကို ကူးစက်နေခဲ့ပြီလေကွာငါ့တုန်းကလည်း ခံရတာပဲဆိုတဲ့ စိတ်တွေမင်းဆီမှာ ရှိတယ် နောက်တစ်ချက်က ဒီကောင်ငါပြော တာကို နားမထောင်ရကောင်းလား ဆိုတဲ့ ဒေါသမာနတွေ မင်းရင်ထဲမှာ ရှိတယ် မင်းကိုယ်မင်းပြန်မေးကြည့် သားကို လိမ္မာစေချင်တဲ့စိတ်က ပိုများလား ငါ့ကိုတော့လာမစမ်းနဲ့ ဆို တဲ့စိတ်ကပိုများလားဆိုတာခုနော့သိပြီလား