ချစ်သူတစ်ယောက် ပျော်စေချင်လို့ပေါ့
တကယ်ပါဘဲ ကွယ်ရာမှာနောက်တစ်ယောက်နဲ့မင်းအဆင်ပြေဖို့
မသိသလိုပဲ နေပေးလိုက်ပါတယ်
တစ်ကယ်ဆို ချစ်တတ်လွန်းတဲ့ နှလုံးသားမှာ
အရမ်းနာကျင်နေတယ်ဆိုတာ သူသာသိခဲ့မယ်ဆိုရင်
စာနာတတ်တဲ့စိတ်လေးနဲ့
ကိုယ်ချင်းစာတတ်လာမှာပါလေ....။
အတွယ်တာမရှိတဲ့ နှလုံးသားအတွက်
နေရာဆိုတာ တွင်ကျန်ရစ်မှာမဟုတ်ဘူး
အကြင်နာလဲကင်းမဲ့နေသလို
ချစ်ခြင်းတရားဆိုတာလဲ ရှိလာမှာမဟုတ်
တကယ်တော့ အချစ်တွေမွေးဖွားဖို့ကို
တွေးကြောက်နေတဲ့အသိစိတ်ကများနေတယ်လေ..။
ဆိုင်သာဆိုင် မပိုင်ဆိုင်ရသေးတဲ့အချစ်ကို
အသေချာရေးတွက်ပြီးကြည့်ရင်
အချစ်ဆိုတာ တစ်ယောက်သောသူအတွက်ပဲ
ရင်ခုန်တတ်လာရင် အချစ်လို့သက်မှတ်ထားတယ်
တကယ်တော့ ရင်ခုန်ခြင်းရဲ့အစက
တစ်ယောက်သောသူရဲ့ စွဲဆောင်မူ့အတွက်ပဲလို
တွေးကြည့်ရုံနှင့် အချစ်လို့သက်မှတ်လို့မရဘူး...။
အရှေ့ကနေဝင်ပြီး အနောက်မှာနေကွယ်ရသလို
ကုန်ဆုံးသွားမဲ့ အချိန်တွေကိုကြိုစောင့်နေတယ်
မနက်ဖြန်ဆိုတဲ့နေရက်တွေမှာ
ကိုယ်စီအတွေးများစွာနဲ့ ရှင်သန်နေရချိန်က
အလွန်ပင်တန်ဖိုးရှိတဲ့အချိန်လေးတွေပေါ့
ရှေ့ဆက်မဲ့လမ်းခရီးအတွက် ကြိုဆောက်ထားတဲ့
ကိုယ့်ရဲ့အိမ်မက်လေးတွေပေါ်
မျှော်လင်းခြင်းတွေနဲ့ ဖြတ်သန်းနေတယ်လေ...။