တစ်ရက်တစ်ခါရနေတဲ့ ပတ်ကေ့လေးဘဲ အားကိုးနေရပါသည်။ လိုချင်တဲ့ ကဒ်ကို
ချက်ချင်းဝယ်ယူနိုင်သည့် အခြေအနေမရှိတော့ အလကားပေးတာလေးဘဲ
ကြိုးစားနေရသည်။ တိုက်ပွဲမှာလည်း မျက်နှာ ငယ်ရပါသည်။ မကြာခဏရှုံးပါသည်။
နိုင်တာလည်း ရှိပါသည်။ နိုင်တဲ့အခါဆိုတာကလည်း တစ်နာရီကျော်လောက်ကစားမှ
တစ်ခါလောက်နိုင်ပါသည်။ စိတ်ကတော့ သိပ်မရှည်ချင်မိတော့အောင် ဖြစ်လာမိပါသည်
ဒီထက် ကောင်းတဲ့ ကဒ်လေးတွေရရင်တော့ အရှုံးတွေက နည်းသွားမယ်
ထင်မိပါလေသည်။ လက်ဆောင်ပေးမယ့်သူတစ်ယောက်လောက်ရှိရင်တော့
ကောင်းမယ်ထင်ပါသည်။ ရောင်းစားဖို့မတောင်းပါဘူး အနိုင်ရအောင် ကစားလို့
ရမယ့် ကဒ်လေး ဘယ်သူများလက်ဆောင်ပေးမလဲလို့ မျှော်လင့်မိသည်။
ပြန်တွေးကြည့်တော့လည်း အားလုံးက လိုအပ်သူတွေချည့်ဖြစ်နေလို့
သူတစ်ပါးဆီက ရဖို့ မမျှော်လင့်နိုင်တော့ပါလေပြီ
Photo Credit : https://steemmonsters.com/#
Author : @bobokyaw