တစ်ခါမှာတော့ဒီလိုအဖြစ်ရှိပြန်သည်
်တစ်နေ့တော့ ရွာတစ်ရွာ ဆွမ်းခံကြွသွားချိန် အမျိုးသမီးကြီး တစ်ယောက်က ကိုရင်ဉာဏသံဝရကို မြင်တာနဲ့ သားအရင်းလို သံယောဇဉ်ဖြစ်မိသည်။ နောက်တစ်နေ့ သူမသဘောနဲ့သူ ကြံစီပြီး ကိုရင်ကို အိမ်သို့ပင့်ပါသည် ရွာထဲက လူတွေကိုလည်း အားလုံး ဖိတ်လိုက်ပါသေးသည်။ ကိုရင်အထင်ကတော့ တစ်ရွာလုံးကျွေးမွေးတဲ့ အလှူလို့ထင်ထားမိသည်။ အချိန်တန်လာတော့ သူမရဲ့သမီးလေးကို သတို့သမီးဝတ်စုံနဲ့ မင်္ဂလာဆောင်ပေးပါတော့သည်။ ကိုရင်လည်း အတန်တန် ငြင်းဆိုခဲ့သည်။ အများနဲ့ တစ်ယောက်ဆိုတော့ ထလို့လည်း မနိုင် ထိုင်လို့လည်း မဖြစ် ကုလားမင်္ဂဆောင်ပွဲကို မနွဲချင်ပေမယ့် နွဲခဲ့ရပါတယ်။ သတို့သမီးနဲ့ အတူထမင်းစားခိုင်းသော်လည်း ကိုရင်မစားခဲ့ပါဘူး။ မိမိသပိတ်ထဲမှာသာ ဆွမ်းဘုဉ်းပေးခဲ့ပါသည်။ နေ့လည်စာကျွေးပြီး ပရိသတ်တွေလည်း ပြန်သွားကြပါသည် ကိုရင်လည်း သပိတ်ဆေးဖို့ ထွက်လာရင်း နမော တေ ဂါထာတော်ကို ရွတ်ဖတ်ပြီး ရွာကနေ ထွက်လာခဲ့သည်။ တစ်ယောက်တစ်လေမှ သူ့ကို မြင်ခဲ့ဟန်မတူ။ သတို့သားဘဝကနေ ကိုရင်လွှတ်မြှောက် လာခဲ့ပါသည်
နောင်ပိုင်း ကျန်းမာရေး ချို့တဲ့ခဲ့တာကြောင့် ဟိမဝန္တာကနေ ထွက်ခွာပြီး ထိုင်းနိုင်ငံကို ပြန်ရောက်လာပါတော့သည် သက်တော် ၂၀ မှာ ရဟန်းဘဝသို့ ရောက်ရှိခဲ့ပါသည်