ဟင်နရီဖလက်ဂလာ ဆိုတဲ့ လူတစ်ယောက် အကြောင်းကို ရေးပြချင်မိသည်။
သူသည် လူချမ်းသာ တစ်ယောက်ဖြစ်လေသည် သို့သော် သူ့အောင်မြင်မှုသည်
သူများထက် နောက်ကျလို့သွားခဲ့ရပါသည်။ သူငယ်စဉ်ကတည်းက ကြိုးစားကာ
ချမ်းသာလာသူဖြစ်လေသည်။ နောက် စတင်းဒတ် ရေနံလုပ်ငန်းတွင် အရင်းအနှီး
များစွာ မြှုပ်နှံမလုပ်ကိုင်မီ ဆားလုပ်ငန်းလုပ်ကိုင်ရင်း ခြူးတစ်ပြားမှ မရှိသော ဘဝ
ရောက်သွားခဲ့ဖူးပါသည်။ ထို့နောက်မှသာ မိတ်ဆွေ တစ်ချို့ရဲ့ အကူအညီဖေးမ
မှုတို့နဲ့ လုပ်ငန်းကြီးများကို ပြန်လည် ၀င်ရောက်လုပ်ကိုင်ရင်း ချမ်းသာလာသူဖြစ်
လေသည် ပြောချင်တာက သူသည် လမ်းတွင် အခါအခါ လဲကျခဲ့ဖူးသည်
မှောက်ထိုးလဲဖူးသည် နဖူးတွေကွဲလို့ ဒူးတွေလည်း ပြဲကာ ရင်ဘတ်တွေလည်း
ပွန်းခဲ့ဖူးသည် သို့သော် သူစိတ်ဓါတ်ကျမသွား နောက်မဆုတ်သွားပါဘူး
အခက်အခဲတွေကို ၇င်ဆိုင် ဖြေရှင်းပြီး ချမ်းသာသောသူအဖြစ် ရပ်တည်အောင်
သူပြန်လည် ရုန်းကန်ခဲ့ပါသည်။ အလွန် ဇွဲကောင်းသော စိတ်ဓါတ်ကောင်းသော
သူဖြစ်ပါသည်။ ချမ်းသာခြင်းနှင့်သူသည် ထိုက်တန်ပေသည်။
@arrowqueen
photo-google image