အလုပ် လုပ်ကိုင်ရာတွင် သေချာအောင် စေ့စပ်လေ့လာပြီးမှသာ လုပ်ကိုင်သူများရှိလို့
နေပါသည်။ ထိုသူများသည် ဥာဏ်ကြီးရှင်များ မဟုတ်ကြပါဘူး စာအုပ်ကြီးသမားများ
ဖြစ်ကြပါလေသည်။ သူတို့သည် ကံကောင်းသူများမဟုတ်ကြသလို ကံကိုမယုံကြည်
သောသူများလည်း ဖြစ်ကြပါလေသည်။ ဂျွန်ဂျက်ကော့သည် သူ့ရဲ့ ကြီးမားသော အ၇င်း
အနှီးများကို သေချာလေ့လာပြီးမှ လုပ်ကိုင်တက်ပါသည်။ အိုရီဂွန်တောင်တန်းတွင်တည်ရှီသော တောရိုင်းလွင်ပြင်တွင် ရှိသည့် အက်စတိုရီးယား ဟုခေါ်တွင်သော သားမွှေးလုပ်ငန်းများ လုပ်ကိုင်နေခြင်းဖြစ်ပါလေသည်။ သူ့ရဲ့ ချမ်းသာမှုများသည် စစ်ကြောင့်ဖျက်ဆီးခံခဲ့
ရပါလေသည်။ ထိုအခါ ညညများတွင် ပြဇတ်ရုံများသို့ သွားပါလေတော့သည်။ သူငယ်ချင်းတစ်ယောက်က ရုတ်တရက် ပြဇာတ်ရုံများတွင် တွေ့မြင်လိုက်သောအခါ
အက်စတာက ငါဒီမှာ ဘာလုပ်လိမ့်မယ်လို့ ထင်သလဲ မင်းနဲ့ငါနဲ့ အိမ်မှာ အတူနေကြည့်
မလား ငိုနေရမလား မငိုရအောင် ငါဘာမှ လုပ်မပေးနိုင်ဘူးလေ ဒါကြောင့် ငါ့ရဲ့စိတ်ကိုငြိမ်းချမ်းမှုနဲ့ ပျော်ရွှင်မှုပေးနိုင်တဲ့ နေရာကို လာရတယ် ဒါလုပ်သင့်တယ်မဟုတ်လား ဟုမေးတက်ပါလေသည်။ အခက်အခဲများနဲ့ကြုံတွေ့လာရသောအခါများတွင် ထိုကဲ့သိုသော စိတ်လက်ဖြေဖျောက်ခြင်းအလုပ်မျိုးကို လုပ်သင့်သည်ဟု သူက ထောက်ပြပြောဆိုခြင်းဖြစ်ပါလေသည်။
@arrowqueen
photo -google image