ထိုအချိန်အခါတုန်းကနေရာတကာမှာ တိုက်ပွဲများ ရှိနေတတ်လေတော့၏
ထို့ကြောင့်လည်း တစ်နေ့သောအခါ ရဲဘောဖြူအုပ်စုနှင့်ရဲဘောနီအုပ်စုတို့သည် ရင်ဆိုင်တွေ့ကြလေ၏အလယ်ခေါင်တွင် ချောင်းခြားလျက်ရှိလေ၏ ထိုအချိန်အခါတွင် ဆရာတော်ဦးစန္ဒသည် ရွာသားများကို စေတီများအကြား၌ ပုန်းအောင်းခိုင်းပါလေ၏၄င်းနောက် ရွာနှစ်ဖက်စလုံးကို လက်ညှိုးထိုးကာ ပရိတ်တော်များ ရွတ်ဖတ်ပါလေတော့၏
၎င်းနောက် တိတ်ဆိတ်လျက်သာရှိပါ၏ဘာသံမှလည်းမကြားရပါလေ တိုက်ပွဲခေါ်သံလည်းမရှိပါလေထို့ကြောင့် အခြေအနေ ဘယ်လိုလဲဟု ချောင်းမြောင်းကြည့်ရှုသောအခါ ရဲဘော်ဖြူ ရဲဘော်နီအုပ်စုနှစ်ခုစလုံးသည် နောက်ကြောင်းပြန်ဆုတ်သွားကြောင်း သိရှိရပါလေတော့သည်ဤသည်မှာ ဆရာတော် ဦးစန္ဒနှင့် စပ်လျဉ်း၍ဖြစ်ရပ်ဆန်း တစ်ခုဖြစ်ပါလေ၏
အခြားသောဖြစ်ရပ်တစ်ခုလည်း ရှိပါသေးတော့၏ ထိုအချိန်က ဗုံးကြဲလေယာဉ်ပျံများတို့သည် ဗုံးကြဲနေချိန်ဖြစ်ပါလေ၏ တောင်ခြေပတ်ဝန်းကျင်တွင် စစ်ဘေးမှ ပြေးလွှားသူတို့ဖြင့် စည်ကားလျက်ရှိပါလေ၏ ထိုအချက်ကို အခွင့်ကောင်းယူ၍ လေယာဉ်ပျံများသည် ဗုံးကြဲရန် ဥသြသံပေးလျက် ပျံသန်းလာကြသည်ဟုဆိုပါလေတော့၏လူတွေလဲပြေးလိုက်ကြတာမပြောပါနဲ့တော့လေ