ပြောပါရစေနေပြည်တော်ဂျာနယ်ဟာ ဗမာပြည်မှာ ပထမဆုံးစထွက်တဲ့ လက်ဝဲဂျာနယ်တွေထဲက တစ်စောင်ပါလေသည်ကွန်မြူနစ်ဝါဒဟူသည် အဘယ်နည်းတို့ သမ္မာသမဂ္ဂဝါဒအကြောင်းတို့ဆိုတာတွေ ပါပါလေသည်ပညာအလင်းက ဒင်္ဂါးတို့ နေပြည်တော်က ပိုက်ဆံကြီးတို့ဟာ မာခ်စ်ဝါဒကို အစဉ်တစိုက် မိတ်ဆက်ပေးခဲ့ကြတာဖြစ်လေသည်နေပြည်တော်ဂျာနယ် တစ်အုပ်လုံးနီးပါးကို ဦးရှင်တစ်ယောက်ထဲ ဒိုင်ခံရေးတယ်လို့လည်းပြောစမှတ် ရှိပါသည် အဲဒီ ဦးရှင်ဟာ လူထုဒေါ်အမာကို အင်မတန် ချစ်ရှာတာဖြစ်ပါသည် တစ်ထောင့်ကိုးရာခြောက်ဆယ့်သုံး ခုနှစ် ကျောင်းသားသပိတ်ကြီးဖြစ်တော့ အင်းလျားအဆောင်သူမအမာဟာ သပိတ်မှောက်ကျောင်းသူ မအမာဖြစ်လာပ်လေသည်အဲ့ဒိသပိတ်တပ်ကြီးနဲ့အတူ ရွှေတိဂုံစေတီမှာ စတည်းချပြီး ဗြိတိသျှနယ်ချဲ့အရင်းရှင်အစိုးရကို အံတုဆန့်ကျင်ခဲ့ပါလေသည် အဲဒီတော့ အင်းလျားအဆောင်မှူး မျက်နှဖြူဝါဒင်မကြီးကပြောလေသည်ရှင်တို့ရဲ့သမီး ကျောင်းဆောင်ကို ပြန်မလာဘူးလေ ကိုယ့်သားသးမီး မပျက်စီးရအောင် ကိုယ့်ဖာသာ လာပြီးထိန်းသိမ်းစာင့်ရှောက်ကြပါတော့လို့ အဓိပ္ပါယ်ရတဲ့ စာတွေရေးပို့ပါလေတော့သည် အဲဒီတော့လည်း မိဘအုပ်ထိန်းသူအနေနဲ့ ဦးရှင် ဒေါ်သက်ရှည်ကပဲ ရန်ုကုန်အထိ လိုက်လာခဲ့တာ့ဖစ်လေသည်နောက်တော့ဦးရှင်က ရွှေတိဂုံစေတီပေါ်မှာ သပိတ်တပ်ကြီးနဲ့အတူ မားမားရပ်ပြီးတိုက်ပွဲဝင်နေတဲ့သမီးဖြစ်သူကို တွေ့ရတော့ အင်မတန်ကြေနပ် အားရရှာတာဖြစ်ခဲ့တော့သည်မုန့်ဖိုးတွေ ဘာတွေပေးပြီး အိမ်ပြန်သွားလေသည် ဒီဦးကြီးဖြစ်သူရဲ့ ဂုဏ်ကျေးဇူးကို အမေလူထုဒေါ်အမာဟာ အခါအခွင့်သင့်တိုင်း တခုတ်တရပြောရှာပါလေသည်ဦးရှင်ရဲ့ နည်းပေးလမ်းပြမှုကြောင့် လူထုဒေါ်အမာဟာ မာ့ခ်စ်ဝါဒ စာအုပ်တွေ ရှာဖတ်ရကောင်းမှန်း သိလာတယ်လို့ ဆိုပါလေတော့သည်
ငါက မင်းတို့ ကိုစိုးတို့ ကိုသန်းထွန်းတို့နဲ့တွေ့မှ ကွန်မြူနစ်ဖြစ်တာ မဟုတ်ဘူ
ဟင် အမေက ကွန်မြူနစ်လာဆိုတော့ဟဲ ဟဲလို့ရယ်တယ်လေငါက ကွန်မြူနစ်ပါတီဝင်တော့ မဟုတ်ဘူးပေါ့လေ ဒါပေမယ့် မာ့ခ်စ်ဝါဒကို ယုံတယ်လေလို့ ပြန်ဖြေပါလေသည်အမေက ဘာဖြစ်လို့ မာ့ခ်စ်ဝါဒကို ယုံတာလဲဟင်ဆိုတော့ "နှစ်ချက်ရှိတယ်လို့ပြေပာပါလေသည်
Author : @arrowqueen
Photos credit; Google Image