မနက်ခင်းရဲ့အလင်းနဲ့လာတဲ့ မျှော်လင့်ခြင်း
ညနေမိုးချုပ်အလင်းပျောက်တော့ အတူပါသွား
လုပ်ကိုင်ထားသမျှ သဲထဲရေသွန်
ပေးထားတဲ့အကြွေး တောင်းမရ
ထိုးထားတဲ့ထီကမပေါက်
ကံစမ်းမဲပေါက်တယ်ဆိုလို့ငွေသွားလွှဲ
ဆုံးပါပြီလေ လောဘကြောင့်ပေါ့
အော် အစ်ကိုရယ် ဘယ်တော့အဆင်ပြေမှာလဲ
အစ်ကိုအဆင်ပြေတဲ့နေ့လက်ထပ်မယ်ဆိုရင်တော့
သေချာတယ် ဒီတစ်သက် လင်ရဖို့တောင်မလွယ်တော့
တော်ပါပြီကံဇာတာရယ် ကိုယ့်ချစ်သူအစွမ်းအစ
ထိုင်ကာလေစောင့်မနေချင် ကိုယ်တိုင်ထပါလို့
လုပ်ကိုင်လိုက်ပါ့မယ် ဈေးတောင်းခေါင်းပေါ်၇ွက်
ဝယ်ကြဦးမလားတော်ရေ ဟောဒီက ဘူးသီးကြော်
အဲ လေ ဒီလိုတော့လဲ အော်ရဲပါဘူးတော်
င်္@arrowqueen
photo- google image