ကြီးပွားချမ်းသာလာသူများ
တစ်ထောင့်ကိုးရာ ကိုးဆယ့်ရှစ်ခုနှစ် အောက်တိုဘာလထုတ် စာစောင်တစ်ခုတွင် အမေရိကန်
ဘီလျံနာများ အကြောင်းကို တွေ့ခဲ့ရပါသည်။ သူတို့ရဲ့ ကိုယ်ရေးရာဇ၀င် လုပ်ငန်းများနှင့် စံနှုန်း
သတ်မှတ်ထားသော ငွေကြေးပမာဏ စသဖြင့် အကျဉ်းချုပ်ရေးသားတင်ပြ လာပါလေသည်။ ဂျက်နက်
ဘိတ်ခ် လင်ဒါဘတ်သ် တို့က ရေးသားပြုစု တင်ပြခဲ့ခြင်းဖြစ်လေသည်။
စုစုပေါင်းဘီလျံနာလေးဆယ်ကျော်ဖြစ်လေသည်။ ရေနံသူဌေးကြီး ဂျွန်ဒီရော့ဖဲလား က အစပြုပြီးတော့
ဖို့ဒ် မော်တော်ကား တီထွင်သူ သူဌေးကြီး ဟင်နရီဖို့ဒ် အလယ် သကြားစက် လုပ်ငန်းရှင် သူဌေးကြီး
ကလော့ စပရက်ကယ်စ် အထိအားလုံးပါဝငါလေသည်။
ယနေ့ အမေရိကန်ဘီလျံနာ တစ်ယောက်ဖြစ်သော ကွန်ပျူတာေ ဆာ့ဖ်ဝဲဘီလျံနာ ၀ီလီယမ်အိတ်ခ်ျ ဂိတ်စ်
လည်း ပါဝင်လေသည်။ ထိုသူတို့သည် လုပ်ငန်းအမျိုးမျိုးတို့နှင့် ကြီးပွားချမ်းသာလာကြသူများဖြစ်လေသည်။
ရေနံလုပ်ငန်း သံမဏိလုပ်ငန်း မီးရထားလုပ်ငန်း သင်္ဘောလုပ်ငန်း ဘဏ်လုပ်ငန်း သစ်တောလုပ်ငန်း
ဓါတုဗေဒလုပ်ငန်း အပ်ချုပ်စက်လုပ်ငန်း ကားလုပ်ငန်း စတိုးဆိုင်လုပ်ငန်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစသဖြင့်
လုပ်ငန်းမျိုးစုံ ပါဝင်ပါလေသည်။ နောက်ထပ် သူတို့ ဘာတွေလုပ်ခဲ့ကြသလဲ အောင်မြင်မှု သင်ခန်းစာများ
ဆိုပြီးတော့ ထုတ်ဖေါ်ရေးသားချက်များကို နောက်ရက်များတွင် ဆက်လက်ရေးသားဖေါ်ပြမည်ဖြစ်ပါသည်
နိုင်ငံတကာတွင် နိုင်ငံအလိုက် ကြီးပွားချမ်းသာလာသူများကို ကြီးပွားလာပုံ လုပ်ကိုင်ဆောင်ရွက်ပုံတို့အား
မှတ်တမ်းများပြုစုလို့ ထားကြလေသည်။ အတုယူစရာ အားကျစရာ လေ့လာစရာများရှိနေသောကြောင့်
ဖြစ်ပါလေသည်။ အမေရိကန်နိုင်ငံတွင်သာမက အခြားနိုင်ငံများတွင်လည်း ရှိပါသည်။ ယခု အမေရိကန်
နိုင်ငံတစ်နိုင်ငံတည်းမှ လူများ ကိုသာဖေါ်ပြမည်ဖြစ်ပါသည်။ အချက်အလက်တို့ စုံလင်လှ ပါလေသည်။
@arrowqueen
photo-google image