ဘ၀မှာ တွေ့ဆုံကြတယ် ကွဲကွာကြတယ် ဒါတွေက ဖြစ်ရိုး ဖြစ်စဉ်တွေပါလို့ ပြေတဲ့သူတွေရှိတယ် ဒါပေမယ့်
အဲ့ဒီလို ကြုံဆုံလာတဲ့အခါ ခံစားချက်တွေက ရင်ကွဲမတက်ဖြစ်တက်ပါတယ် ဒီလိုတွေကြုံလာရင် ဘယ်လို ခံနိုင်ရည်
တွေနဲ့ ကျော်ဖြတ်ရမည်လဲ ကိုယ်တိုင်ကြုံလာမှသာ ကိုယ်ချင်းစာနိုင်မှာ ဖြစ်ပါတယ်
တစ်စုံတစ်ဦးနှင့် ကွဲကွာရခြင်းသည်နာကျင်မှုကိုဖြစ်စေတာ လူတိုင်းသိပါတယ် လောကမှာမိမိချစ်ခင်နှစ်သက်ရသော
တစ်ဦးဦးနှင့် ခွဲခွာခြင်းကြောင့် ကိုယ့်မှာရရှိလာသောဝေဒနာသည် လူတစ်ဦးကိုအကြီးအကျယ် ခံစားရစေနိုင်ပါလေသည်
ထိုသူသည်ကြေကွဲဝမ်းနည်းမှုဖြစ်စဉ်၏ အဆင့် တွေများစွာကို ကျွန်မတို့ ဖြတ်ကျော်ရပါသည် အဆင်တွေတိုင်းမှာ
ခံနိုင်ရည်ရှိနေဖို့တော့လိုအပ်ပါလေသည်။
အဆင့်ကိုဖြတ်ကျော်ရမည်။ တစ်ဆင့်ချင်းသွားကြရပါသည်။ ထိုအဆင့်တို့မှာအဖြေကိုရှာဖွေခြင်း ၊ ငြင်းပယ်ခြင်းတွေ၊ ဆွေးနွေးခြင်း တွေ
ပို၍ပို၍ခံစားရခြင်းတွေ
ဒေါသဖြစ်ခြင်း တွေ အစပိုင်းတွင်လက်ခံခြင်းနှင့် မျှော်လင့်ချက်ကိုတခြားလမ်းကြောင်းသို့ပြောင်းလဲပစ်ခြင်းတို့ ဖြစ်ကြပါလေသည်
သို့သော်လည်းထိုအဆင့်များတွင်ခံစားရသော နာကျင်မှုဝေဒနာသည် လူတစ်ဦးအတွက် အလွန်အမင်းခံစားမှုကိုဖြစ်စေမည်ဖြစ်ပါတယ်
ထိုခံစားမှုများမှလွတ်မြောက်ရန်အချိန်အတော်ကြာယူရ ပါဦးမယ် ထို့ကြောင့် ထိုကဲ့သို့သောကိစ္စမျိုးဝမ်းနည်းခြင်းဖြစ်စဉ်ကို
သက်သာစေရန် ကျွန်ုပ်တို့မည်ကဲ့သို့ပြုလုပ်နိုင်ပါသလဲ အဖြေတွေကို ရှာဖွေရပါမယ်။
ရင်မှာနာကျင်တဲ့ ခံစားချက်တွေကို အလွယ်တကူဖြတ်ကျော်နိုင်အောင် နည်းလမ်းတွေကို တွေးတောကြံဆလို့
ကြိုတင်ပြင်ဆင်ထားသင့်ပါလေသည်။ ကိုယ်ချင်းစာတယ်ဆိုတာ ကိုယ်တိုင်ကြုံဆုံမှသာ ကိုယ်ချင်းစာနိုင်မှာဖြစ်ပါတယ်
@arrowqueen
photo-google image