ကလေးသူငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတို့ဟာ များစွာ ပါတ်သက်နေပါတယ်
ဒီလို အနိုင်ကျင့်ခံရမှုတွေဟာ ကလေးရဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာတွေနဲ့ အစားအသောက်မူမမှန်တာတွေနဲ့
သူတို့ကိုယ်သူတို့ ဒုက္ခပေးခြင်းတွေ စတဲ့ ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်တယ်လို့ ဆိုပါတယ် ကလေးတွေကိုခြောက်လှန့်တာ
တွေ မလုပ်သင့်ပါဘူး ချစ်လိုစတယ်လို့ လူကြီးတွေကပြောတက်ပါတယ် ချစ်ရင် ကလေးတွေ စိတ်ဆင်းရဲ စိတ်ညစ်စေတဲ့
အပြုအမူကို မလုပ်သင့်ပါဘူး။
ကလေးတစ်ယောက်ရဲ့ ငယ်စဉ်ကလေးဘဝ ဒါမှမဟုတ် လမ်းလျှောက်တတ်စအရွယ်က ခံစားခဲ့ရတဲ့ အရာတွေဟာ
အရမ်းကို အရေးကြီးပါတယ် ကလေးငယ်ရဲ့ ငယ်ဘ၀အခြေအနေတွေက ကလေးကို တစ်သက်စာ ဒဏ်ရာဖြစ်စေနိုင်ပါတယ်
သူတို့ရဲ့ ဘဝတစ်ခုလုံးပေါ် အကျိုးသက်ရောက်စေပါတယ် နုနယ်တဲ့ နှလုံးသားလေးတွေကို အရောင်မဆိုးသင့်ပါဘူး
အချို့သော လေ့လာမှုတွေကတော့ အသက်ငယ်ငယ်လေးမှာ အလွန်ငယ်သော မတွေးခေါ်နိုင်သေးသောအရွယ်မှာ
စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရမှုတွေဟာ ကလေးရဲ့ စားသောက်မှုနဲ့ ဘာသာစကားဆိုင်ရာ ဖွံ့ဖြိုးမှုတွေနဲ့ ဆက်စပ်နေတယ်ဆိုတာကို
တွေ့ရပါတယ် အဲ့ဒီလို နာကျင်မှု အနိုင်ကျင့်ခံရမှုတွေနဲ့ တဖြည်းဖြည်း
ကလေးကကြီးလာတဲ့အခါမှာ အနိုင်ကျင့်မှုတွေကလည်း မရပ်တန့်သေးဘူးဆိုရင်တော့ ဒီအကျိုးသက်ရောက်မှုတွေက
ပိုပြီးပြင်းထန်လာနိုင်ပါလေသည်။ ကလေးကို ဒဏ်ရာတွေဖြစ်အောင် စိတ်မှာ နာကျင်သွားအောင် မလုပ်သင့်ပါဘူး
ကာလကြာရှည် အနိုင်ကျင့်ခံလာရတဲ့ ဆယ်ကျော်သက်တွေဟာ ကိုယ့်ကိုယ်ကိုထိခိုက်အောင် လုပ်တတ်ကြပြီး
အနိုင်ကျင့်မခံရတဲ့ကလေးတွေနဲ့စာရင် စိတ်ဓာတ်ကျဆင်းခြင်းတွေ စိတ်ကျရောဂါ စတာတွေကို ပိုပြီး ခံစားရနိုင်ချေ ရှိတယ်ဆိုတာ
လေ့လာတွေ့ရှိရပါတယ်။ ကလေးတွေကို နွေးထွေးလုံခြုံသော ပျော်ရွှင်ချမ်းမြေ့မှုများသာ ဖန်တီးပေးဖို့ လိုအပ်ပါတယ်
ကြီးပြင်းရာ ကာလတစ်လျှောက် ကောင်းမွန်သော အုပ်ထိန်းမှုကတော့ မလွဲမသွေလိုအပ်နေမှာပါ။
@arrowqueen
photo-google image