ဂိမ်းကစားရတာလည်း မလွယ်ပါလားနော် အချိန်လည်းကုန်သလားမမေးနဲ့ အလုပ်တောင် မလုပ်ဖြစ်တော့ဘူ
အားအားရှိ ဂိမ်းဘဲ ထိုင်ကစားနေတာလေ အိမ်ကလည်း သိပ်မကြည်တော့ဘူး အလုပ်မှမလုပ်တာကို ဘယ်ကြည်မလဲ
ကိုယ်ကလည်း ကိုယ်ပါဘဲ ဂိမ်းထဲမှာဘဲ ပျော်တက်တယ် အပြင်မှာဆို ဘေးက လူနဲ့တောင် စကားမပြောချင်ဘူး ဘာလို့လည်း
ဆိုတော့ သိတယ်မလား ဂိမ်းထဲက ဘ၀ကို ကိုယ့်ဘ၀ထင်နေတာလေ အပြင်မှာ မရတဲ့ စိတ်ချမ်းသာမှုက ဂိမ်းထဲမှာ ရနေတယ်
အပြင်မှာက ကိုယ့်ကို ခိုင်းမဲ့သူတွေချည့်ဘဲ ဂိမ်းထဲမှာဆိုကိုယ်က ပြန်ခိုင်းလို့ ရတယ် ဆရာလုပ်လို့ရတယ်လေ
ဂိမ်းထဲမှာတော့ ဆရာကြီးပေါ့ အပြင်မှာတော့ ပြောတော့ပါဘူးလေ သူများတွေ သိရင် ရှက်စရာကြီးဖြစ်နေတော့မှာဘဲ
ကဲ အချိန်လေး ရတုန်း ဂိမ်းလေး ကစားလိုက်ဦးမယ် အခုက စာရေးပို့စ်တင်ဖို့ ခဏ ၀င်လာတာ ပြီး ရင် ဂိမ်းပြန်ကစားဦးမှာလေနော်
Photo Credit : https://steemmonsters.com/#
Author : @arrowqueen