ကျန်းမာရေးကို ဂရုစိုက်ပြီး တာဝန်ယူတတ်သော အမူအကျင့်များကို ပျိုးထောင်ပေးခြင်းနှင့် ယောက်ျားနှင့်မိန်းမတို့အကြား
အပြန်အလှန်လေးစားမှုရှိပြီး တာဝန်ယူတက်သော တန်းတူရည်တူ ဆက်ဆံရေးများ ထွန်းကားလာအောင် အားပေးခြင်းဖြင့်
ကျား/မ တို့၏သဘာဝ ကွဲပြားခြားနားမှုအပေါ် အခြေခံသည့်သဘောများ လိင်ဆက်ဆံရေးအကြမ်းဖက်မှုများ လျှော့နည်းသွားပါလိမ့်မည်
မျိုးဆက်ပွားကျန်းမာရေးတွင် အမျိုးသမီးရော အမျိုးသားများပါ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါသည်။ သားသမီးများအား
ပြုစုစောင့်ရှောက်ခြင်းနှင့် အိမ်ထောင်ထိန်းသိမ်းခြင်းတာဝန်များကို ခွဲဝေယူကြသင့်ပါလေသည်။
အမျိုးသားများအား အိမ်ထောင့်တာဝန်များကို ခွဲဝေယူလာရန်နှင့် မျိုးဆက်ပွားကျန်းမာရေးတို့တွင် ပါဝင်လာရန် အားပေးသင့်ပါသည်။
နောက်ထပ်ဖေါ်ပြချင်တာကတော့ ကလေးမိခင်တို့ရဲ့အာဟာရအကြောင်းပါဘဲ
ကျန်းမာရေးအသိပညာပေးမည့်သူများ ကြိုတင်သိမှတ်ထားရမည့်အရာများ အချက်အလက်များဖြစ်ပါတယ်
ကျန်းမာရေး ဆိုသည်မှာ မျိုးရိုးဗီဇ ပတ်ဝန်းကျင်နှင့် အာဟာရအပေါ် မူတည်နေပါသည်။ အစားအသောက်နျင့်ပတ်သက်သောအမူအကျင့်များနှင့်
မိရိုးဖလာ စားသုံးပုံ အမျိုးမျိုးတို့မျာ အာာရဓာတ်ချို့တဲ့စေသော အကြောင်းရင်းများတွင် ပါဝင်လျှက်ရှိနေပါသည်။
အာဟာရချို့တဲ့မှုနှင့် အာဟာရလွန်ကဲမှုများမှာ အစားအသောက်များများစားသည့်တိုင် သင့်တင့်မျှတအောင် မစားသောက်မိခြင်းနှင့်
အစာအဟာရရဲ့တန်ဖိုးကို အလေးမထားမိခြင်းတို့ကြောင့်သာ ဖြစ်တက်ပါလေသည်။
သင့်တင့်မျှတသော အစားအသောက်ဆိုသည်မှာ လူတစ်ယောက်အတွက် နေ့စဉ်လိုအပ်သော အာဟာရဓာတ်များအားလုံး
ပြည့်စုံပြီး အားအင်ကိုလည်း ပြည့်ဝစေသော အစားအသောက်မျိုးကို ဆိုလိုပါလေသည်။